Part - 10 ( Uni )

775 69 4
                                    

အပိုင်း ၁၀

🎶 ပတ်ဝန်းကျင် အသိုင်းအဝိုင်းကကွယ် ပြောချင်တာတွေလဲပြောကြပါစေကွယ် ××× ဘဝဆိုတာ စိတ်တိုင်းကျ တည်ဆောက်မှသာ သာယာလိမ့်မယ်ယုံကြည်တယ် ××× တူနှယ် တူနှယ် တူနှယ် ဗြောင် 🎶

ဒီလောက်ဆို ကျန်နေခဲ့သည့်ဦးစာကလေး ဆွေ့ဆွေ့ခုန်ဖို့ လုံလောက်နေလေပြီ။ ကိုယ်က ပျော်စေပျက်စေနေတတ်ပေမည့် တစ်ခါတစ်လေတော့ နဂါးမှန်းသိအောင် အမောက်ကလေးသပြဖို့လိုလေသည်။ ဟွန်းဟွန်း ဒီးဒီးမှာလည်း အမောက် ကလေးနဲ့ပါနော်။ အချိန်မတန်သေးလို့ ထောင်ပြမသေးတာပါ။

*
*
*
*
*
*
*
*

" ဟဲ ဟေမာန် နင်ဘယ်သွားမလို့လဲ "

အစ်ကိုဖြစ်သူမေးလာသည့်စကားကြောင့် အလှပြင်နေရင်း နောက်ကိုလှည့်ကြည့်မိသည်။ အခုမှအိပ်ရာနိုးစပုံစံဖြင့် အနောက်မှာလာရပ်နေသည့်အစ်ကိုဖြစ်သူကို နှာခေါင်းတစ်ချက်ရှုံ့ကာကြည့်လိုက်မိ၏။

" နင့်ပုံစံကလဲဟယ် သူများရွာကိုလာလည်တဲ့ပုံစံတဲ့လား "

တစ်ယောက်ကလည်း စွတ်ကျယ်ဂျိုင်းပြတ်နှင့် သူ့ပုံစံကိုပြန်ငုံ့ကြည့်နေရင်း

" ငါပုံစံက ဘာဖြစ်နေလို့လဲ ငါမေးတာသာဖြေစမ်းပါ ။ အခုဘယ်သွားဖို့ပြင်နေတာလဲ။ဒီနေ့ အမေတို့လဲမရှိပါဘူးဆိုမှ နင်ကပါ ဘယ်သွားဖို့ပြင်နေတာလဲ"

ဟေမာန်လည်း အလှပြင်ခြင်းအဆုံးသတ်အနေဖြင့်
ခေါင်းဖြီးလိုက်သည်။

" ငါကိုထမင်းစားဖိတ်ထားတဲ့အိမ်ကို ကိုဟိန်းနဲ့သွားမလို့"

" ဘာ!!! ဒီရွာကိုအတူတူလာတဲ့သူချင်း နင့်ကိုဘယ်သူကထမင်းစားဖိတ်တာလဲ။ နင်တို့ကြ သူများအိမ်ထမင်းသွားစားမယ်ဆိုတော့ ငါရော ဘယ်မှာစားရမှာလဲ"

" ဟဲ့ အဒေါ်တို့ မနက်ထဲကထမင်းချက်ပေးပြီးသား။
နင်အိပ်ရာထတဲ့အချိန်ကိုလဲကြည့်အုံး။ နေက ခေါင်းပေါ်တည့်တည့်ရောက်တော့မယ် ။သူများအိမ်လာပြီးအိပ်ကောင်းစားဝင်နော် "

" မသိဘူး နင်တို့သွားရင် ငါလဲလိုက်မယ်။ သူများအိမ်မှာတစ်ယောက်ထဲမကျန်ခဲ့ချင်ဘူး ။ ငါလိုက်ခဲ့မယ် "

 ယောက္ခမနှင့် တစ်ထောင့်တစ်ည စီးချင်းတိုက်ပွဲ (Ongoing) Where stories live. Discover now