Part 1💐🐰🦁

3.5K 203 15
                                    

I married single father
Part 1
-----------
အရှေ့ကစားပွဲခုံပေါ်သို့ ဖိုင်တွဲတစ်ခုကို ပစ်ချလိုက်သည်
သက်ပြင်းချလိုက်မိတယ် အရှေ့မှာတော့ မားက မျက်နှာ
ခပ်တည်တည်နဲ့ ကြည့်နေသည်။

"ဘယ်တော့အိမ်ထောင်ပြုမှာလဲ"

"...."

"ဒီတစ်ခါ စီးပွားရေးထိပ်တန်းပိုင်းက သမီးပျိုတွေကိုရှာထားတယ် မင်းကြိုက်တာကိုရွေးလိုက် တွေ့ဖို့စီစဉ်ပေးမယ်"

"...."

"ကုမ္မဏီမျက်စောင်းထိုးက ကော်ဖီဆိုင်မှာ ဖန်းကုမ္မဏီက
သမီးကို ချိတ်ထားပေးတယ် သွားတွေ့လိုက်‌အုံး "

"မအားဘူး..."

"သွားစမ်း! မင်းလက်မခံချင်းကို ငါရှာပေးနေမှာပဲ တရုတ်ပြည်က မိန်းကလေးတွေသဘောမကျဘူးလား ရတယ်
ကမ္ဘာပတ်ပြီး ရှာပေးမယ်"
(ယောက္ခမကြီး 🥹🫶)

"...."

မားကိုကြည့်ရတာ သူအိမ်ထောင်မပြုမချင်း အိမ်ထောင်ဖက်
ပေးတွေ့တာ ငြိမ်မဲ့ပုံမပေါ်ချေ ငြင်းလိုက်ရတဲ့ မိန်းကလေး
တွေလည်း ဘယ်နှယောက်ရှိနေပြီလည်းမသိဘူး ။

Wang company ‌ကနေထွက်ခဲ့လို့ မျက်စောင်းထိုးက
ကော်ဖီ‌ဆိုင်လေးစီသွားလိုက်သည် နေ့လည်ဘက်ဖြစ်တာ
ကြောင့် ကော်ဖီဆိုင်မှာ၀န်ထမ်းအချို့လည်းရှိနေကြသည်။

ကော်ဖီဆိုင်ထဲ၀င်လိုက်တာနဲ့ ခပ်အေးအေးသီချင်းသံနဲ့ ကော်ဖီမွှေးမွှေးရနံ့တွေက နှာခေါင်းထဲတိုး၀င်လာသည် ။

"ဒီမှာ...ဒီမှာ..."

မိတ်‌ကပ်ထူထူနဲ့ နှုတ်ခမ်းနီကိုမှ တစ်ဘူးလုံးကုန်အောင်ဆိုးလာသလားမှတ်ရတယ် စိတ်ပျက်စွာနဲ့မျက်လုံးတစ်ချက်ဝှေ့လိုက်သည် ဂါဝန်ရှည်ရှည်ကိုမှဒူးခေါင်းလောက်အထိခွဲထား
သေးတယ် ။

"ရှင်က....ဝမ်ကုမ္မဏီရဲ့ ဒါရိုက်တာ ၀မ်ရိပေါ်လားဟင်"

"အင်း"

"မေမေ့စီကနေ‌လည်းကြားထားပါတယ် ဝမ်ရိပေါ်ကလေ
အရမ်းစိတ်ထားကောင်းပြီးတော့ စမတ်ကျတယ်‌ဆိုတဲ့‌အကြောင်းကို"

"အင်း...."

"ဘာစားမလဲဟင်...မှာလေ"

"တော်ပါပြီ...."

Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း)Where stories live. Discover now