Part 5 💐🐰🦁

1.3K 141 4
                                    

Single father အဖြစ်ဟန်ဆောင်ခြင်း
Part 5
___________
‌ဧည့်ခန်းအကျယ်ကြီးထဲမှာ တိတ်ဆိတ်လို့ လူတစ်ယောက်ကတော့ ဖုန်းကိုကြည့်ရင်းပြုံးနေလိုက်သည် ။

"ဥက္ကဌကြီးခေါ်တယ်ဆိုလို့ပါ"

"အေး အေး...လေယျာဉ်လွှတ်လိုက်တော့ ငါ့မြေးလေးရိပေါ်နဲ့
သူ့ရဲ့ယောကျာ်းနဲ့ကလေးကိုပါတွေ့ရတော့မှာ "

"ဟုတ်ကဲ့"

ကိုရီးယားနိုင်ငံကနေ တရုတ်အားကိုယ်ပိုင်လေယျာဉ်လွှတ်လိုက်လေပြီ ထိုသတင်းကိုရိပေါ်ကြားပေမဲ့ မသွားချင်
မားတို့ကအတင်းလွှတ်နေတာ ဟန်းနီးမွန်းလည်းထွက်ရင်း
အဖိုးကိုလည်း၀င်ပြီးဂါဝရပြုရင်းနဲ့ပေါ့ ။

"ကိုရီးယားနိုင်ငံဂျယ်ဂျူဒို ကျွန်းမှာလူအများသွားရောက်လည်ပတ်နေပါတယ် နိုင်ငံခြားသားတွေလည်းအများကြီးပါပဲတဲ့ ဝါး...ကျွန်မတောင်သွားချင်လာပါပြီနော်..."

"ဒီနေ့ဂျယ်ဂျူဒိုကျွန်းမှာ ရောင်းတဲ့ ‌အစားအစာတွေကိုပတ်စားပြပါမယ်...စောင့်ကြည့်ပေးကြပါဦး"

သတင်းဌာနတွေ ၊ food vlogger တွေကလည်းကိုရီးယားနိုင်ငံကသတင်းတွေကိုပဲလွှင့်နေကြသည် သာယာပြီးအပန်းဖြေ‌စရာကောင်းတဲ့နေရာလို့လည်းပြောလို့ရသလိုမျိုး
နာမည်ကြီးကိုရီးယားမင်းသား မင်းသမီးတွေတောင်မှ
ကံထူးရင် တွေ့နိုင်သေးတယ်တဲ့လေ။

"ပါပါ....ပင်ရယ်ကြီး..."

"အင်း...ဟုတ်တယ် လှတယ်နော်"

"အွင်း..."

"လာ ရေခဲမုန့်လာစားချည်"

"ပါပါ...အားဟုံ တွားချင်တယ်"

"ပါး ကျောင်းပြီးသွားလို့ အလုပ်လုပ်ပြီးရင် လိုက်ပို့ပေးပါ့မယ်နော် အားဟုံလေးနော်"

"ဖေဖေလည်း...ပရောမစ်ပေးပြီး...ဟိုး..အဝေးကြီးကိုတွားတာ
အားဟုံကိုခေါ်တွားဘူး"

"ပါးပါးကတကယ်ခေါ်သွားမှာပါနော် ဖေဖေ့ကိုလည်းအပြစ်မမြင်ရဘူးနော်"

"ဟုတ်..."

အားဟုံလေးက ကျင့်သားရသွားလို့လားမသိဘူး သူ့ကို
ဦးဦးလို့လည်းမခေါ်တော့ချေ သူစိမ်းတွေရှေ့ရောက်မှသာ
ပါးပါးလို့ခေါ်ခိုင်းတာကို နောက်ကွယ်မှာလည်း ခေါ်သည် ။

Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း)Where stories live. Discover now