Part 4 💐🐰🦁

1.2K 148 8
                                    

Single father အဖြစ်ဟန်ဆောင်ခြင်း
Part 4
____________
လက်ဖွဲ့ထားတဲ့ဝမ်အိမ်တော်အသစ်ကိုပြောင်းလာရသည်မို့
အိမ်မှာလည်းစက္ကူပုံးတွေကအထပ်လိုက်ပင် မဖြည်ရသေးချေ ပရိဘောဂတွေကိုတော့ ၀မ်အိမ်တော်ကအစေခံတွေကပဲ
လာပြီးနေရာချသွားပေးတာကြောင့် အခြားအသေးစားပြင်ဆင်မူ့တွေကတော့သူတို့ကိုယ်တိုင်လုပ်ရပေမည် ။

"ပါပါ..."

ရှောင်ကျန့်ကလည်းအိမ်ကနေ သူ့ပစ္စည်းတွေနဲ့အတူအားဟုံရဲ့
ပစ္စည်းတွေကိုပါသယ်လာ‌ခဲ့တယ် မားကိုအတူလာနေဖို့ပြောပေမဲ့ မားကစားသောက်ဆိုင်အသေးလေးဖွင့်ထားတာကြောင့်
မလိုက်ဘူးလို့ငြင်းတယ် ။

"အားဟုံ....တြောက်တယ်"

"ပါးရှိတယ်နော်...အားဟုံလေး...လာ..."

အိမ်အသစ်ဖြစ်တဲ့အပြင် လက်ထပ်ပြီးစပြောင်းလာတာ‌ဆိုတော့ ဒီအိမ်မှာသူနဲ့အားဟုံလေးကလွဲပြီးမရှိ ။

"ကြည့်ပါဦး...အားဟုံလေးငယ်ငယ်ကပုံတွေ ချစ်စရာလေး"

ထိုင်တတ်တာကနေအစ လေးဘက်ထောက်သွားတာတွေ
မတ်တပ်ရပ်တာတွေ လှုပ်ရှားမူ့တိုင်းကိုဓာတ်ပုံဘောင်လေးနဲ့
လုပ်ထားသည် ။

"ဖေဖေရော....ပြန်ရာမှာလားဟင်"

"အင်း....ဖေဖေက အမေရိကကိုရောက်နေတာပါအားဟုံ
အားဟုံလေး ၆နှစ်ကြရင်ပြန်လာမယ်လို့ promise ပေးသွားတယ်လေနော်"

"အွင်း...."

"တောင်းပန်ပါတယ်နော် အားဟုံလေးကို လိမ်ခိုင်းနေရလို့"

"ဟင်...."

"ဘာမှမဟုတ်ပါဘူးကွယ်....မွှ...ကဲ နေရာချရအောင်နော်"

"အွင်း....အားဟုံ ကူမယ်"

"လိမ္မာလိုက်တာကွယ်..."

"ဘတ်မန်း...."

စက္ကူပုံးထဲကဘတ်မန်းအရုပ်ကိုထုတ်လို့ ဖက်ထားလိုက်သည်
အားဟုံကိုတော့သူ့အရုပ်တွေနေရာချပါစေလေ ။
.
.
.
.
.
*တီ...တီ*

"ဒယ်တီ...လာပီ...ဒယ်တီ!!"

အိမ်တံခါးဖွင့်လို့၀င်လိုက်တာနဲ့အားဟုံလေးကလာပြေးဖက်သည် ။

"ကြိုချိုပါတယ်...ဒယ်တီ..."

"အင်း....ဘာစားပြီးပြီလဲ"

Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း)Where stories live. Discover now