Part 2💐🐰🦁

1.5K 151 9
                                    

Single father အဖြစ်ဟန်ဆောင်ခြင်း
Part 2
___________
လူတွေဆူညံလွန်းပြီး နေ့စဉ်နေ့တိုင်းခရီးသည်တွေမပျက်သွားနေတာကတော့ လေယာဉ်ကွင်းပင် ကောကအလုပ်နဲ့
အမေရိကကိုသွားရမှာဆိုတော့ သူတို့မိသားစုလေးလည်း
လိုက်ပို့သည် ။

"အားဟုံ ဖေဖေပြန်လာခဲ့မယ်နော်"

"ဖေဖေ....ဟင့်!...."

"လာမြေးလေးလာ ဖွားနဲ့မုန့်သွားစားမယ်လာ"

ငိုမဲ့မဲ့လေးဖြစ်နေတဲ့‌အားဟုံကို ရှောင်မားကခေါ်သွားတော့သည် ဒီမှာ ရှောင်ကျန့်နဲ့ကောနဲ့နှစ်ယောက်ထဲကျန်နေခဲ့သည် ။

"ကျန့်အာ အားဟုံလေးကိုစိတ်ချမယ်နော်"

"အွင်း....ကောသာစိတ်မပူပါနဲ့"

"ကျန့်အာ ကော မှာခဲ့ချင်တာက သူမပြန်လာခဲ့ရင် အားဟုံလေးကိုပြန်မထည့်နဲ့နော် ပေးလည်းမတွေ့နဲ့ ဖောက်ပြန်တုန်းကကျတော့ဖောက်ပြန်တဲ့..."

"အင်းပါ ကောရယ် အတိတ်ဇာတ်တွေပြန်မဖော်ပါနဲ့ သွားသွား
လေယျာဉ်နောက်ကျတော့မယ်"

"အင်း....ကောသွားတော့မယ်နော် ‌ကျန့်အာ"

"အွန်း ဘိုင့်ဘိုင်"

"ကျန့်အာ သူတို့ကိုအမှန်အတိုင်းပြောဦးနော် သူများတွေကိုမလိမ်ကောင်းဘူး"

"အွန်းပါ"

"တောင်းပန်ပါတယ်နော် ကျန့်အာလေးရဲ့မဂ်လာပွဲမှာမရှိလို့"

"ရှောင်းစိတ်မဆိုးပါဘူးဗျသွားသွား"

အတင်းနှင်လွှတ်လို့ အပေါ်တက်သွားပြီးတာနဲ့ ရှောင်ကျန့်ထွက်လာလိုက်သည် ငိုမဲ့မဲ့ဖြစ်နေတဲ့ အားဟုံလေးက လက်ထဲမှာလည်းမုန့်လေးတစ်ထုပ်ကိုင်လို့ ရှောင်ကျန့်ကိုလှမ်းကြည့်သည်။

"လာ ဦးစီကို"

"ဟင့်!...."

"အားဟုံ....ဖေဖေက ပြန်လာမှာပါ သားကျောင်းတက်အမှီပြန်လာမယ်တဲ့နော် လိမ္မာနော် မွှ..."

"ဖေဖေက မေမေ့လိုပဲထွက်တွား တာလားဟင်"

"ဟုတ်ပါဘူး ဖေဖေကအဲ့လိုမဟုတ်ပါဘူး ဖေဖေက အားဟုံလေးအတွက် ဘတ်မန်းအရုပ်တွေဝယ်ပေးဖို့သွားတာ အားဟုံလေးကအခု ဖွားရယ် ဦးဦးရယ်နဲ့ပဲနေရမှာ ဖေဖေက အားဟုံလေးကိုစောင့်နေလို့ပြောသွားတယ်မှတ်လား"

Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း)Where stories live. Discover now