Part 9💐🐰🦁

2.8K 207 5
                                    

Single father အဖြစ်ဟန်ဆောင်ခြင်း
Part 9
_________
အားဟုံရဲ့လွယ်အိတ်အသေးလေးထဲကို မုန့်တွေထည့်ပေးလို့
ဦးထုပ်ဆောင်းပေးလိုက်သည် ဒီနေ့ကျောင်းဖွင့်တာဖြစ်လို့
အိမ်မှာလည်းဘယ်သူ့မှရှိနေမှာမဟုတ်ချေ။

"‌အားဟုံ...ဖွားရှောင်စီကိုခဏနေရမယ် ပါးညနေပြန်လာခေါ်မယ်နော် "

"အွန်း"

"သွားမယ်"

"မနေ့ညကပြောတော့ မလိုက်ပို့ဘူးဆို"

"ကျစ်!...မားကခေါ်လာခိုင်းလို့ပေါ့"

"ကုမ္မဏီကိုလား တက္ကသိုလ်နဲ့လည်းသိပ်မဝေးဘူးဆိုတော့
ပြီးရောလေ"

"...."

ဝမ်ကုမ္မဏီမှာပဲ မား၀မ်ကစောင့်နေတယ် အတန်းချိန်ကနောက်နာရီဝက်နေရင်စတော့မည် ။

"သားကျန့်လေး မားနဲ့ကော်ဖီလေးသောက်ရအောင်"

"ရှောင်း ကျောင်းတက်ရဦးမယ်မား၀မ်ရဲ့ နောက်တစ်ခါမှပေါ့နော်"

"ဘယ်တတ်နိုင်ပါ့မလဲကွယ် ကိုရီးယားမှာအဆင်ပြေရဲ့လား"

"ဟုတ်ကဲ့မား၀မ်"

"အား!..အဲ့တာမင်းသမီး ရန် မှတ်လား!"
"၀မ်ကုမ္မဏီနဲ့စာချုပ်ချုပ်လိုက်တာလား"
"ချောလိုက်တာ နေ့တိုင်းတွေ့ရတော့မယ်"

ဝန်ထမ်းတွေရဲ့‌အသံတွေကြောင့် ရှောင်ကျန့်နောက်လှည့်ကြည့်မိလိုက်သည် မင်းသမီးရန်ပဲ ရှောင်ကျန့်ရဲ့idolတစ်ယောက်ပင် ၀န်ထမ်းတွေကအနားကိုအုံလာကာ လက်မှတ်နဲ့
ဓာတ်ပုံတွေရိုက်ဖို့တောင်းဆိုနေကြတယ် bodyguard တွေကကာထားပေးလို့သူတို့နားကိုရောက်လာတယ်။

"၀မ်ဥက္ကဌကတော် ကျွန်မက ရုပ်ရှင်မင်းသမီး..."

"ရန် ငါသိတယ် "

"ဟုတ်ကဲ့...ဒါက ဒါရိုက်တာ၀မ် ဖြစ်မယ် ကူညီပေးပါဦး"

"...."

သူမကသာဖက်လဲတခင်နှုတ်ဆက်ပေမဲ့၀မ်ကတော့ တစ်ချက်သာကြည့်ပြီးအခြားဘက်ကိုကြည့်နေသည် ရှောင်ကျန့်ကတော့ မတ်တပ်ကြောင်နေစဲပဲ။

"မင်းသမီး ရန် ရှောင်းကလေ အမာခံပရိသတ်သိလား "

"ရှင်..."

Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း) Complete Where stories live. Discover now