Part 3💐🐰🦁

1.4K 139 5
                                    

Single father အဖြစ်ဟန်ဆောင်ခြင်း
Part 3
___________

မဂ်လာပွဲကမနက်ဖြန်ဆိုရင်စပြီမို့လို့ ဒီနေ့မှာတော့ pre wedding ဓာတ်ပုံရိုက်ရလေတယ် ဓာတ်ပုံတွေကိုတော့ Hotelမှာရှိတဲ့ ဉယျာဉ်နားမှာရိုက်ကြသည် camera man ပြောသလိုပဲသူတို့နှစ်ယောက်အမူအယာလိုက်လုပ်ကြရတယ် ။

"သတို့သား၀မ်က သတို့သားရှောင်းရဲ့ခါးကိုဖက်ထား နှစ်ဖက်လုံးနဲ့ သတို့သားရှောင်းက သတို့သား၀မ်ရဲ့ရင်ဘတ်ပေါ်ကိုလက်တင်ထား တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြနော်"

"....."

ဓာတ်ပုံရိုက်ရတာ ဒီလောက်ထိလိုလားလို့ရှောင်ကျန့်တွေးမိပေမဲ့မသိချေ ရှောင်ကျန့်ကတော့ သူ့မျက်နှာခပ်တည်တည်
အနေအထားကိုပဲကြည့်ပြီးတံတွေးကိုခက်ခက်ခဲခဲမျိုချမိသည် ဒါကြီးကမနက်ဖြန်ကျရင်သူ့ယောကျာ်းဖြစ်လာမှာတဲ့လေ ။

"ဟုတ်ပြီ နောက်တစ်ပုံ နောက်တစ်ပုံ ပန်းစည်းကိုကိုင်ထား
နှစ်ယောက်လုံးမျက်လုံးမှိတ်ထား ပြုံးထားနော်် သတို့သား၀မ်
ခေါင်းလေးနည်းနည်းငုံ့ "

အခုထိတော့ဘာစကားမှမပြောရသေးပါ မနက်ဖြန်ကြရင်
၀တ်မဲ့အကျီတွေနဲ့ ဓာတ်ပုံရိုက်နေရတာ နောက်ပြီးရိုးရာ၀တ်စုံ
တွေနဲ့ကော ။

"အထဲသွားရအောင် အထဲမှာဆက်ရိုက်မယ်"

"ဟုတ်ကဲ့...."

"အင်း...ပြော အတွင်းရေးမှူးလီ..."

ဝမ်ရိပေါ်က တစ်ဖက်လှည့်လို့ဖုန်းစကားပြောနေလျက် ရှောင်ကျန့်လည်း‌မစောင့်တော့ဘဲနဲ့အထဲဝင်ဖို့ရာပြင်လိုက်သည်။

"အမေ့!..."

ရှောင်ကျန့်ခေါင်းဆောင်းပု၀ါကပဲရှည်လျားလွန်းတာလားမသိ
အနောက်ကဝမ်ရိပေါ်ကဖုန်းကိုဖြေကြားရင်းနဲ့သူ့ခေါင်းဆောင်းပု၀ါကိုတက်နင်းထားတာ ဒီအတိုင်းဆိုရင် ဖုန်တွေပေတော့မှာပဲ ခေါင်းဆောင်းရော အကျီတွေကအရမ်းဈေးကြီးတာကို ရှောင်ကျန့်နောက်လှည့်ကာ ခေါင်းဆောင်းကိုသိမ်းရန်ပြင်လိုက်သည် ။

*ဒိန်း*

ရှောင်ကျန့်ကလည်းခေါင်းဆောင်းကပု၀ါကိုအကောက် ရိပေါ်ကလည်း ခေါင်းဆောင်းကပု၀ါကိုအကောက်နှစ်ယောက်သား နဖူးချင်း
မိတ်ဆက်မိကြသည် ။

Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း)Where stories live. Discover now