Part 7💐🐰🦁

1.2K 139 4
                                    

Single father အဖြစ်ဟန်ဆောင်ခြင်း
Part 7
____________
ရှောင်ကျန့်မှာ အားဟုံနဲ့အတူ ၀ယ်လာတဲ့အရုပ်တွေနဲ့ထိုင်ဆော့ပေးနေသည် တစ်အိမ်လုံးလည်းဆူညံနေတာပဲ ။

"ကဲအခု ဖိုးဖိုးကြီးကို ကျေးဇူးတင်ပြီးပြီလား"

"ဟင့်အင်း..."

"နောက်ပြီးပြောရမယ်နော် အားဟုံလေး "

"ဟုတ်ကဲ့"

"အပြင်သွားဦးမယ်....နေ့လည်စာမစားခင်ပြန်လာခဲ့မယ်"

"ဖိုးဖိုးရီး...အားဟုံလိုက်မယ်..."

အားဟုံကဆော့နေရင်းနဲ့ထကာ ၀မ်ဖိုးဖိုးစီပြေးသွားလို့
သွားဖက်သည် ရှောင်ကျန့်တောင်ဆွဲချိန်မရလိုက်။

"လိုက်မို့လား လာ လိုက်ခဲ့"

"အားဟုံ...ဘာ ဖိုးဖိုးကြီးက အလုပ်နဲ့သွားမှာ သွားမရှုပ်နဲ့လာ"

"လာဖူး...ဖိုးဖိုးရီး...အားဟုံကို ခေါ်တွား"

"ခေါ်ရမှာပေါ့....မြေးသားမက်ကျန့် စိတ်မပူနဲ့ "

"ဟုတ်...ဟုတ်ကဲ့ဖိုးဖိုး"

အားဟုံလေးကခုန်ပေါက်လို့ ဘတ်မန်းအရုပ်အသစ်လေး
ကိုပိုက်ကာ လိုက်သွားတော့သည် ရှောင်ကျန့်သက်ပြင်းချလိုက်မိတယ် အားဟုံလေးကိုသံယောဇဉ်မတွယ်စေ့ချင်ဘူး
ဒါပေမဲ့လည်း သံယောဇဉ်ကြိုးကဖြတ်ရခက်တယ်မဟုတ်လား ။

ရှောင်ကျန့်မျက်လုံးက မနေ့ကအားဟုံကို၀ယ်ပေးထားတဲ့
ကားစီ‌အကြည့်ရောက်သွားသည် အလယ်အလတ်ဆိုဒ်ကြီး
ဖြစ်လို့ဈေးကလည်းမနည်းဘူး
ပေးရမှာအမှန်ပဲ ။

"ကားသော့နဲ့ဟ...မိုက်တယ်..."

‌ဟိုကြည့်ဒီကြည့်နဲ့ ရှောင်ကျန့်တက်ထိုင်လိုက်သည် ခြေထောက်တွေကိုကွေးပြီးထိုင်ရပေမဲ့အဆင်ပြေပါတယ်
စက်နှိုးလိုက်ကာ မောင်းရန်ပြင်လိုက်သည် ဘယ်သူ့မှလည်းမရှိဘူး သူ့အတွက်ပိုမိုက်တာပေါ့ ။

"ဘယ်...ညာ...."

အဆင့်မြင့်လာတဲ့ခေတ်နဲ့အတူကလေးကစားစရာ‌တွေက
လည်းမြင့်လာတယ် အားဟုံအတွက်၀ယ်ပေးထားတဲ့ကား
လေးနဲ့ ရှောင်ကျန့်ဆော့နေသည် သူတို့ငယ်ငယ်တုန်းကဆိုရင်ဒါမျိုးမရှိဘူးလေ ။

Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း)Where stories live. Discover now