Part 10 💐🐰🦁

1.5K 147 7
                                    

Single father အဖြစ်ဟန်ဆောင်ခြင်း
Part 10
------------
Camera ရဲ့ရှေ့မှာ အတတ်နိုင်ဆုံးပြုံးထားရပြီး လက်ကရိပေါ်လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားရလို့ ချွေးတွေတောင်ထွက်နေပြီ ဒီအရာကဘယ်တော့များပြီးပါ့မလဲ ။

"ဟိုလေ...နှစ်ယောက်လုံးက ဒီအတိုင်းပဲ ရုပ်ထုလိုမျိုးထိုင်နေတော့မှာလား"

ကင်မရာမန်းက ပြောလာတော့ ရှောင်ကျန့်ခေါင်းအသာလေး
ခါပြတယ် လုပ်စရာဘာရှိမှာလဲ ခါတိုင်းပုံမှန်လိုမျိုး ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ ရိပေါ်ကသူ့ဘာသာသူ
ဗီဒီယိုဂိမ်းတွေ‌ဆော့တယ် သူကစာလုပ်ပြီးတော့ အားဟုံနဲ့
အတူဆော့ပေးတယ် နောက်ပြီးထမင်းချက်တယ် ဒါပဲလေ ။

"အောင်မလေးဟဲ့ ရှက်နေကြသေးတယ်နော်"

ခပ်လှမ်းလှမ်းမှာထိုင်နေသောမား၀မ်ကပါ အားဟုံကိုမုန့်ခွံ့ကျွေးနေရင်းနဲ့ပြောလာသည် ဒီအခြေအနေကနေ လွှတ်ထွက်လို့ရသွားရင်ကောင်းမယ် ။

"ထတော့မယ်...."

"နေပါဦး...ဒါရိုက်တာကြီးရဲ့ အစီအစဉ်ကဘာမှတောင်မလုပ်ရ‌သေးတာကို "

"အခြားလင်မယားတွေကိုပဲ သွားရိုက်စမ်းပါ"

"ဟဲ့!. သန်ဘက်ခါ 520 daysမို့လို့ ကွက်တိကျရအောင်ပြောထားရတာဟဲ့"

မားဝမ်ကဘယ်တုန်းကတည်းကစီစဉ်ထားလဲတော့မသိချေ
520 daysကွက်တိကျအောင်လို့ကို လုပ်ပေးထားတာ ဒီနေ့ကတော့ 520 days မဟုတ်ပေမဲ့လည်း သန်ဘက်ခါဆိုရင်အစီအစဉ်ကထုတ်လွှတ်သည်မို့ ကြိုရိုက်ထားတာပင်။

"ဘာမှမလုပ်ဘူးဆိုရင်တော့ မေးခွန်းလေးတွေမေးမယ်လေဖြေပေါ့"

"အာ...ဟုတ်ကဲ့"

"အဲ့တာဆို စလိုက်တော့မယ်နော် စမယ်ဝေ့!..."

"1..2..3..start"

"ကဲ...ဒီနေ့လေးအတွက်ကတော့ 520 days တရုတ်နိုင်ငံကချစ်သူစုံတွဲတွေပျော်ရွှင်ပါ‌စေလို့ဆုတောင်းပေးပါတယ်
ဒီနေ့အတွက် ကျွန်တော်တို့ရဲ့ ချစ်စရာအိမ်ထောင်ရေး အစီအစဉ်ကနေ လူနှစ်ယောက်ကိုဖိတ်ခေါ်ထားပါတယ်
အခြားစုံတွဲတွေနဲ့တော့ နည်းနည်းကွာခြားမူ့ရှိပါလိမ့်မယ် "

Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း)Where stories live. Discover now