I married single father
Part 1
-----------
အရှေ့ကစားပွဲခုံပေါ်သို့ ဖိုင်တွဲတစ်ခုကို ပစ်ချလိုက်သည်
သက်ပြင်းချလိုက်မိတယ် အရှေ့မှာတော့ မားက မျက်နှာ
ခပ်တည်တည်နဲ့ ကြည့်နေသည်။"ဘယ်တော့အိမ်ထောင်ပြုမှာလဲ"
"...."
"ဒီတစ်ခါ စီးပွားရေးထိပ်တန်းပိုင်းက သမီးပျိုတွေကိုရှာထားတယ် မင်းကြိုက်တာကိုရွေးလိုက် တွေ့ဖို့စီစဉ်ပေးမယ်"
"...."
"ကုမ္မဏီမျက်စောင်းထိုးက ကော်ဖီဆိုင်မှာ ဖန်းကုမ္မဏီက
သမီးကို ချိတ်ထားပေးတယ် သွားတွေ့လိုက်အုံး ""မအားဘူး..."
"သွားစမ်း! မင်းလက်မခံချင်းကို ငါရှာပေးနေမှာပဲ တရုတ်ပြည်က မိန်းကလေးတွေသဘောမကျဘူးလား ရတယ်
ကမ္ဘာပတ်ပြီး ရှာပေးမယ်"
(ယောက္ခမကြီး 🥹🫶)"...."
မားကိုကြည့်ရတာ သူအိမ်ထောင်မပြုမချင်း အိမ်ထောင်ဖက်
ပေးတွေ့တာ ငြိမ်မဲ့ပုံမပေါ်ချေ ငြင်းလိုက်ရတဲ့ မိန်းကလေး
တွေလည်း ဘယ်နှယောက်ရှိနေပြီလည်းမသိဘူး ။Wang company ကနေထွက်ခဲ့လို့ မျက်စောင်းထိုးက
ကော်ဖီဆိုင်လေးစီသွားလိုက်သည် နေ့လည်ဘက်ဖြစ်တာ
ကြောင့် ကော်ဖီဆိုင်မှာ၀န်ထမ်းအချို့လည်းရှိနေကြသည်။ကော်ဖီဆိုင်ထဲ၀င်လိုက်တာနဲ့ ခပ်အေးအေးသီချင်းသံနဲ့ ကော်ဖီမွှေးမွှေးရနံ့တွေက နှာခေါင်းထဲတိုး၀င်လာသည် ။
"ဒီမှာ...ဒီမှာ..."
မိတ်ကပ်ထူထူနဲ့ နှုတ်ခမ်းနီကိုမှ တစ်ဘူးလုံးကုန်အောင်ဆိုးလာသလားမှတ်ရတယ် စိတ်ပျက်စွာနဲ့မျက်လုံးတစ်ချက်ဝှေ့လိုက်သည် ဂါဝန်ရှည်ရှည်ကိုမှဒူးခေါင်းလောက်အထိခွဲထား
သေးတယ် ။"ရှင်က....ဝမ်ကုမ္မဏီရဲ့ ဒါရိုက်တာ ၀မ်ရိပေါ်လားဟင်"
"အင်း"
"မေမေ့စီကနေလည်းကြားထားပါတယ် ဝမ်ရိပေါ်ကလေ
အရမ်းစိတ်ထားကောင်းပြီးတော့ စမတ်ကျတယ်ဆိုတဲ့အကြောင်းကို""အင်း...."
"ဘာစားမလဲဟင်...မှာလေ"
"တော်ပါပြီ...."
YOU ARE READING
Fanfictionလက်မထပ်ချင်လို့ single father အယောင်ဆောင်ပါတယ်ဆိုနေမှ လက်ထပ်လိုက်ရတယ်လို့