Part 22 💐🐰🦁

1.2K 145 7
                                    

Single father အဖြစ်ဟန်ဆောင်ခြင်း
Part 22
___________
ယနေ့အချိန်ပိုင်းအလုပ်ကညနေမှဆိုတော့ အတန်းချိန်လေးပြီးတာနဲ့၀မ့်ရုံးခန်းစီသွားလိုက်သည် သွားအိပ်ရမှာပေါ့ အိမ်ပြန်ရင် ဘက်စ်ကားစီးရတယ် ။

"ဓာတ်လှေကားထဲကလူ စောင့်ပါဦးဗျ"

ရှောင်ကျန့်အမောတကော ပြေးသွားလို့ ဓာတ်လှေကားကိုတားလိုက်ကာ အထဲမှာရပ်နေတဲ့အမျိုးသမီးကိုပြုံးပြလိုက်သည် ဟိုအမျိုးသမီးက နှာခေါင်းရူံ့လို့တစ်ဖက်လှည့်သွားတယ်။

သူဆင်းရမဲ့အထပ်ကို သူမကနှိပ်ပြီးသားဖြစ်တာကြောင့် ထပ်နှိပ်ရန်မလိုအပ်တော့ပေ ဖုန်းကိုပဲကြည့်နေရင်းကတင် ရေမွှေးနံ့ရတာကြောင့်ကြည့်မိတာ ထိုအမျိုးသမီးက ရေမွှေးတွေကို
ဆွတ်နေတာ မွှန်ထူနေရောပဲ ။

"ရပြီ...."

အိတ်ထဲကနေ နှုတ်ခမ်းနီ နဲ့ မိတ်ကပ်ဘူးကိုထုတ်လို့ မိတ်ကပ်နည်းနည်းပါးပါးမျက်နှာပေါ်ရိုက်လို့ နူတ်ခမ်းနီဆိုးလိုက်သေးတယ် ။

*တင်*

ဓာတ်လှေကားကပွင့်လာတာနဲ့သူမက ကျော့ကျော့မော့မော့လေး အပြင်ထွက်သွားတယ် ရှောင်ကျန့်လည်းအနောက်ကနေ
လိုက်လာခဲ့လိုက်သည် လမ်းတစ်လျှောက်လုံးမှာ သွားလာသူက စာရင်းစာရွက်တွေ ကိုင်လို့ အချင်းချင်းစကားပြောသူနဲ့
၅ယောက်လောက်ပဲရှိလိမ့်မည် ။

"ကျစ်!"

သူမက နောက်လှည့်ကြည့်လို့ ‌ စိတ်ပျက်စွာနဲ့ ကျစ်တစ်ချက်
စုတ်သတ်လိုက်သည် ရှောင်ကျန့်လည်းကြောင်အသွားတယ်
သူဘာလုပ်မိလို့လဲ ။

ခြေ ငါးလှမ်းလောက်လျှောက်ပြီးနောက်မှာ သူမကလှည့်ကြည့်လာလို့ ရှောင်ကျန့်ကိုရန်တွေ့တော့သည်။

"ရှင်က stalker တစ်ယောက်လား ဘာလို့ကျွန်မနောက်ကိုလိုက်နေရတာလဲ"

"ဗျာ...မဟုတ်ဘူး ရှောင်းက..."

"မသိဘူးမထင်နဲ့‌နော် ဟိုးဓာတ်လှေကားတက်ကထဲကနေ
ကျွန်မနောက်ကိုတောက်လျှောက်လိုက်လာခဲ့တာ ကျွန်မဒီလိုမျိုးတွေကြုံဖူးပြီးသား"

"..."

"အဲ့တော့ ရှင်လက်လျှော့လိုက်တော့ ကျွန်မကဒါရိုက်တာ၀မ်ရဲ့ အတွင်းရေးမှူးလီရဲ့ညီမ၀မ်းကွဲ
ပဲ မကြာခင်ဒါရိုက်တာ၀မ်ရဲ့ ဇနီးဖြစ်လာတော့မှာ"

Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း)Donde viven las historias. Descúbrelo ahora