Part 6 💐🐰🦁

1.2K 143 3
                                    

Single father အဖြစ်ဟန်ဆောင်ခြင်း
Part 6
____________
တရုတ်ကနေကိုရီးယားအထိ လေယျာဉ် ၊ လေယျာဉ်ကွင်းကနေအိမ်အထိ‌ ကား စီးရလို့နေ့လည်စာစားချိန်တောင်ကျော်
သွားလေပြီ ။

"အားဟုံလေး အားတင်းထားနော် အိမ်ရောက်တော့မယ်ဟုတ်ပြီလား"

"ဟုတ်ကဲ့"

အားဟုံလေးကိုအာလူးကြော်ပဲကျွေးထား‌တာကြောင့်မ၀မှန်း
ရှောင်ကျန့်သိသည် နောက်၁၀မိနစ်ကြာ‌တော့မှ ခြံအကြီးထဲက
အိမ်တစ်ခုကိုရောက်သည် အိမ်တံခါး၀မှာ တုတ်ကောက်နဲ့
အဖိုးတစ်ယောက်ကကြိုဆိုလို့ ။

"ဒါလေးက မြေးသားမက်လေးမှတ်လား ကြိုဆိုပါတယ်နော်"

"ဟုတ်..ဟုတ်ကဲ့ခင်ဗျ ရှောင်းရှောင်ကျန့်ပါ ဒါလေးကတော့
ရှောင်းရဲ့သားအားဟုံလေးပါဗျ"

"ချစ်စရာလေးတွေကွယ်...အားဟုံလေးလား မဂ်လာပါနော်"

"...."

အားဟုံကသူစိမ်းတွေဆိုကြောက်တာကြောင့် ရိပေါ်နောက်မှာပဲကပ်ပြီးကွယ်ထားလေတယ် ဝမ်ဖိုးဖိုးကတော့သဘောတကျ
နဲ့တဟားဟားရီလို့ ။

"လာလာ...အထဲ၀င်ကြ မင်းတို့အထုတ်တွေကိုတော့ သူတို့တွေ အခန်းထဲယူသွားပေးလိုက်မယ် "

"ဟုတ်..ဟုတ်ကဲ့ခင်ဗျ"

"သန်ဘက်ခါပြန်မှာမို့လို့ အရမ်းကြီးမပြင်ဆင်ပေးထားလည်းရပါတယ်"

ရှောင်ကျန့်မယုံနိုင်စွာနဲ့ပဲ ရိပေါ်ကိုလှမ်းကြည့်လိုက်သည်
ဒါအဖိုးကိုပြောရမဲ့စကားလား အနောက်မှာကလေးလဲ
ရှိနေတာကို ကလေးကအတုယူရင်ဘယ်လိုလုပ်မလဲ အခုတောင်မှ အားဟုံက ၀မ်ဖိုးဖိုးကို စူပုတ်ပုတ်နဲ့ကြည့်လို့။

"ထမင်းဆာနေကြပြီလား"

"ဟုတ်ကဲ့ ဖိုးဖိုး နေ့လည်စာစားချိန်က ကျော်နေပြီဆိုတော့လည်းလေ အားဟုံလေးလဲ ဗိုက်ဆာနေလို့ကားပေါ်မှာငိုမဲ့မဲ့
ဖြစ်နေတာ "

"ဟုတ်လား မြစ်လေးရေ"

"ဟင့်...."

အားဟုံလက်ကိုကိုင်တော့ အားဟုံကဖယ်ချကာ ရိပေါ်နောက်မှာပဲကွယ်လို့ကပ်နေသည် ။

Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း)Where stories live. Discover now