Part 8 💐🐰🦁

1.3K 142 7
                                    

Single father အဖြစ်ဟန်ဆောင်ခြင်း
Part 8
________
ကိုရီးယားကနေ တရုတ်ကိုပြန်လာတဲ့လမ်းမှာ အားဟုံက
တစ်ယောက်ထဲပဲဆော့ပြီး ခိုးငိုနေတာကိုရှောင်ကျန့်သိသည်
ဘာဖြစ်လို့လဲတော့မသိပေမဲ့လည်း ရိပေါ်ရိုက်ထားတာများလား ။

"အားဟုံ"

"ဗျာ..."

"အားဟုံလေးငိုနေတယ်မှတ်လား"

"...."

"ဘာဖြစ်လို့လဲ ပါးကိုပြော ဒယ်ဒီကရိုက်လို့လား ပါးပြန်ရိုက်..."

"ဟုတ်ဘူး...ဒယ်တီကရိုက်ဘူး"

"အဲ့တာဆိုဘာလို့ငိုတာလဲ"

"ဒယ်တီက အားဟုံအရုပ်ကို လုသွားရယ် "

ကိုယ်ပိုင်လေယာဉ်ဖြစ်တာကြောင့် ဒီလေယာဉ်တစ်ခုလုံးမှာ
သူတို့သုံးယောက်ရယ် pilot 2ယောက်ရယ်လေယာဉ်မယ်
2ယောက်ရယ်ပဲရှိသည် ရိပေါ်ကိုကြည့်လိုက်တော့ lego
ရုပ်ကိုဆက်နေတာပင်။

"အားဟုံ ဒယ်ဒီက...အရုပ်ဆက်ပေးနေတာလေ အရုပ်ကိုမလုပါဘူးကွယ်"

"ဒယ်တီက သူ့အပိုင် အားဟုံကိုမထိနဲ့လို့ပြောရယ်"

"ခဏနေဦးနော် ပါးပါးပြန်တောင်းပေးမယ်ဟုတ်ပြီလား"

"အွင်း"

အဲ့ဒီ ဘတ်မန်း legoအရုပ်ကိုဆက်နေတာ မနေ့ညထဲက
အခုထိဆက်လို့မပြီးသေးချေ အိမ်ပြန်ရောက်တော့ အရုပ်ဆက်တာကိုခနရပ်ကာ ရေသွားချိုးသည် ရေမချိုးခင်ပြောသွားသေးတယ်။

"အားဟုံ အဲ့အရုပ်ကိုမထိနဲ့နော် လိမ္မာတယ်"

"...."

အားဟုံက ဘတ်မန်းကို အရမ်းသဘောကျသလိုမျိုး ဘတ်မန်းနဲ့ပစ္စည်းမှန်သမျှသဘောကျသည် ကိုယ်သဘောကျတဲ့အရုပ်ကိုမထိရ မကိုင်ရဆိုရင်စိတ်ထဲမှာ၀မ်းနည်းတတ်တာ
ကလေးတွေရဲ့အကျင့်။

"ပါပါ...."

"ဒယ်ဒီကမထိရဘူးလို့ပြောတယ်မှတ်လား"

"...."

"သွားကြည့်လို့တော့ရတယ် မထိရဘူးဆိုတာမှတ်ထားနော်
ဒယ်ဒီကသားအတွက် ကားအကြီးကြီးဖြစ်အောင်လို့လုပ်ပေးနေတာ အဲ့တာတော့သိထားရမယ်နော်"

Single father အဖြစ်ဟန်ဆောင်ခြင်း ( Single father အဖြစ်ဟန်ဆောင်ခြင်း)Where stories live. Discover now