part(21)

4.6K 207 8
                                    

အပိုင်း(၂၁)
ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လား?
အလုပ်စားပွဲပေါ်တင်ထားသည့် လက်ကိုင်ဖုန်းက ထ,မြည်သည်။ချက်ချင်းပဲ ဂျိုးက ကျွန်တော့်ကို လှမ်းကြည့်သည်။
သူက အလုပ်ရှင်ဆိုတော့ "မင်းဖုန်းကလည်း လာလိုက်တာ"ဟူ၍ ညိုညင်သော အကြည့်နှင့် ကြည့်လိုက်တာ ဖြစ်သည်။

သူအမှန်တစ်ကယ် ညိုညင်တာ မဟုတ်မှန်းကိုလည်း ကျွန်တော်သိသည်။
သည်ကောင် မနာလိုပြီး အားကျနေတာဟု ခပ်တည်တည်တွေးကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။

ထင်သည့် အတိုင်းပင် ဖုန်းခေါ်နေသူက ယုမောင်လွင်လေးပင် ဖြစ်သည်။
စိတ်က ဖျတ်ကနဲ အဖေ့ကို ပြေးသတိရမိသည်။သူ သဘောမတူသည့် ကောင်လေးနှင့် လက်ထပ်သွားကတည်းက အိမ်ပေါ်က နှင်ချပြီး တစ်ခါမှ မဆက်သွယ်ပေ။
တော်တော် အသည်းမာလိုက်တဲ့ ဘိုးတော်ဟု တွေးပစ်လိုက်မိသည်။အမှန်တော့ ကျွန်တော်လည်း အဖေ့ကို ဖုန်းဆက်ချင်သလို၊အဖေ့့ဆီက ဖုန်းခေါ်လာမှာကိုလည်း မျှော်နေမိသည်။

"ဟယ်လို အစ်ကို့ကောင်လေး
ဘာစားပြီးပြီလဲ"?

"ဘာမှ မစားရသေးပါဘူး အစ်ကိုကောင်းမြတ်လွန်း။
ကျွန်တော် ရုပ်ရှင် ကြည့်နေတာလေ အဟင်းဟင်းဟင်း"

သည်ကောင်လေးကတော့လေ ဘာမဟုတ်တာတွေများ လုပ်နေပါလိမ့် အလကားနေရင်း အလကား ရယ်သံတွေ ပေးနေပါ့လား ဟု တွေးလိုက်မိသည်။

"ရုပ်ရှင်ကြည့်ရင်း နေ့လယ်စာ စားလို့ရတယ်နော် ယုမောင်လွင်လေး။
ရေခဲသေတ္တာရဲ့ အပေါ်ဆုံးထပ်မှာ
ပဲပင်ပေါက်နဲ့ပဲပြားဟင်းရည်ဘူး ရှိတယ်။
နောက်တစ်ဘူးက ဆိတ်သားခြောက်ကို ခရမ်းချဉ်သီးလေးနဲ့ ဆီပြန်ချက်ထားတာ။
အောက်ဆုံးက ဘူးက ဘရိုကိုလီကြော်ထားတာလေး။
စားခါနီးရင် နွှေးပြီး စားနော်။
သွား သွား သွား
အခု သွားစားချေ"

"အစ်ကို ကောင်းမြတ်လွန်းရော စားပြီးပြီလားဟင်"?

"စားပြီးပြီလေ။
ခုလေးတင်ပဲ ဂျိုးနဲ့ အတူ စားလိုက်တယ်"

"ဟာ အစ်ကိုဂျိုးနဲ့ ဘာလို့ အတူတူ စားတာလဲ"?

"အူတိုနေတာလား?
မတိုပါနဲ့ကွာ။
ခဏ ၊ခဏ ဖုန်းပြောနေတဲ့ကြားထဲ
ဘယ်ကောင်က ဝင်လာမှာလဲ"?

ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လားWhere stories live. Discover now