အပိုင်း(၂၈)
ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လား?
လူသွားလမ်းလေး တစ်လျှောက်မှာ စိုက်ထားတဲ့ အလှစိုက်ပန်းပင်လေးတွေကို ငေးကြည့်ကာ အလိုလိုနေရင်း ပျော်ရွှင်နေမိလေသည်။
မျက်နှာကို ဖြတ်တိုက်လာသည့် လေပြေညင်းလေးကြောင့်လား?ဆုပ်ကိုင်ထားရသည့် ဤလူသားကြီး၏ အားကိုးချင်စဖွယ် လက်မောင်းတောင့်တောင့်ကြီးတွေကြောင့်လားတော့ ကျွန်တော်သေချာ မသိပေ။အစ်ကိုကောင်းမြတ်လွန်း၏ လက်မောင်းကြီးကို ဖက်တွယ်ကာ လမ်းလျှောက်ရင်း ကျွန်တော်ပျော်ရွှင်နေမိလေသည်။
"ဖြေးဖြေးလျှောက်
ဖြေးဖြေးလျှောက်""ဟုတ်ကဲ့"
အခုဆို ဗိုက်ပူပူလေးနဲ့ ကောင်လေး ဆိုပြီး တအံ့တဩ လိုက်ကြည့်ကြသည့် မျက်လုံးတွေကိုလည်း ဂရုမစိုက်မိတော့။
စူထွက်နေသည့် ဗိုက်ကလေးပေါ် လက်လေးတင်လိုက်မိရင် သမီးလေးတွေ ရှိနေပါ့လား ?ဆိုသည့် အသိက ကျွန်တော့် နှလုံးသားလေးကို နွေးထွေးစေသည်။"ညစာ ဘာစားချင်လဲဟင်
ယုမောင်လွင်လေး""အစ်ကိုကောင်းမြတ်လွန်း ချက်ကျွေးတာ စားမယ်"
သည်မေးခွန်းက အစ်ကိုကောင်းမြတ်လွန်းမေးနေကျ မေးခွန်းပင်ဖြစ်သည်။
*မနက်ကျရင် ဘာစားချင်လဲဟင်
ယုမောင်လွင်လေး*
*နေ့လယ်ကျ ဘာစားချင်လဲ*?
*ညစာ ဘာစားချင်လဲ?*
*ဒီပိတ်ရက် ဘာမုန့်စားချင်လဲ*?
ဆိုပြီး မရိုးနိုင်အောင် မေးတတ်သည့် သည်လူကြီးသည် တစ်ချိန်တစ်ခါတုန်းက ကျွန်တော့်ကို ချဉ်းကပ်ချင်တာနှင့်ပင် ပန်းချီပစ္စည်း လက်ဆောင်တွေ တနင့်တပိုးပေးကာ အတင်းအကြွေးလိုက်တောင်းသည်တဲ့လေ။(ကြောက်စရာကောင်းတယ်နော်)ပြီးတော့ အကြွေးတွေကြေအောင် သူ့ကိုပုံတူဆွဲပေးရမည် ဆိုပြီး ညနေတိုင်းကျောင်းမှာ လာကြိုသည်။မြို့ပြင် တိုက်ဘက် သို့ ညနေတိုင်း ခေါ်သွားကာ ထမင်းအတူ စားချင်ရတာနဲ့ ၊ရေအတူချိုးချင်ရတာနှင့် လန့်လောက်စရာ ပင်။
ထိုအချိန်တုန်းကဆို သည်လူကြီးက ကျွန်တော့်အတွက်တော့ စိတ်ရှုပ်စရာ၊မုန်းတီးစရာ၊အမြင်ကပ်စရာကြီးပင်။
YOU ARE READING
ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လား
Teen Fictionသူဌေးရဲ့သားနဲ့ ဒရိုင်ဘာရဲ့ မြေးတို့ကြားက တစ်ယောက်က နီးစပ်အောင်ကြိုးစားနေပြီး သူ့ရဲ့ ကြိုးစားပုံ ကြိုးစားနည်းက မမှန်တော့ အဝေးကို တွန်းပို့နေသလို ဖြစ်နေရာကနေ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အမှတ်မထင် နီးစပ်သွားတာမျိုးလေးပါ။ အတိတ်မေ့နေတုန်းက အရမ်းခင်တွယ...