part(30)

4.8K 246 10
                                    

အပိုင်း(၃၀)
ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လား?
စပါယ်ရှယ် နာပ်စ် ငှားလိုက်ပြီမို့ နာပ်စ်ကပင် သမီးတွေကို နို့ဘူးဖျော်ကာ တိုက်ပေးနေလေသည်။
နို့စို့နေသည့် သမီးလေးတွေ၏ မျက်နှာတွေကို ထိုင်ကြည့်ကာ အလိုလိုနေရင် ရင်ထဲမှာ ကြည်နူး ချမ်းမြေ့ရသည်။

နာပ်စ်ကပင် ပြုံးဖြီးနေသော ကျွန်တော့်ကို ကြည့်ကာ လိုက်ပြုံးနေလေသည်။
အပျော်တွေ ကူးစက်သွားသည့် သဘောပင်ဖြစ်လိမ့်မည်။

နို့ဘူးတိုက်ပြီး ပြန်အိပ်သွားသည့် မွေးကင်းစ,သမီးသေးသေးလေးတွေကို ကြည့်လိုက်၊ခုထိ သတိမရသေးသည့် သူတို့ မာမားလေး ယုမောင်လွင်ကို ကြည့်လိုက်နှင့် ကျွန်တော် တစ်ယောက်တည်း အလုပ်ရှုပ်နေလေသည်။

ဗိုက်ခွဲထားသည်မို့ ယုမောင်လွင် သတိရလာလျှင် ဘာကျွေးလို့ရလဲ ?
မေးထားပြီးပြီ ဖြစ်သည်။

ယုမောင်လွင်၏ မျက်နှာလေးကို ငေးကြည့်ကာ အဖေ့ကို သတိရသွားပြန်သည်။
အဖေသဘောမတူတာ ၊ဘာညာတွေ ထည့်မစဉ်းစားပဲ ကျွန်တော့် တစ်ယောက်တည်းကိုသာ ယုံကြည်ပြီး ကျွန်တော့်လက်ကို ရဲရဲတွဲခဲ့သည့် ကောင်လေး။

ကျွန်တော် တစ်ယောက်တည်း အတွေးများနေတုန်းမှာပင် ယုမောင်လွင်က
မေ့‌ေဆးပြယ်လာပြီ ထင်သည်။
မျက်လုံးကို ဖွင့်ကြည့်ပြီး ပြန်ပိတ်သွားသည်။ပြီးမှ ပြန်ဖွင့်ကာ ကြည့်သည်။

"ရေ တိုက်ပါဦး အစ်ကို"
သူ့အသံလေးက ဖျော့တော့လို့ နေသည်။
ယုမောင်လွင်ကို စိတ်ရှည်၊လက်ရှည် ရေတိုက်လိုက်ပြီးသည့် အခါ ကျွန်တော့်လက်ကို သူ့လက်လေးဖြင့် လှမ်းပြီး ဆုပ်ကိုင်လာသည်။

"သမီးလေးတွေ ကျန်းမာတယ် သိလား?
ခဏနေရင် ဆေးရုံက ဆင်းပြီး အိမ်ပြန်ကြစို့"

"ကျွန်တော် လုပ်နိုင်သွားပြီ"

"ဟုတ်တယ်
အစ်ကို့ကောင်လေး လုပ်နိင်ခဲ့ပြီ။
တော်ပါသေးတယ်။
မင်းတို့ အားလုံး ဘာမှ မဖြစ်လို့"

"အစ်ကို ကျွန်တော့် ကို နမ်းပါဦး"

ဟင်!သည်ကောင်လေးကတော့ အခုထိ သမီးလေးတွေ ကို ကြည့်ချင်တယ် လို့ မပြောသေးပဲ သူ့ကိုပဲ နမ်းခိုင်းနေသည်ဟု ကျေကျေနပ်နပ်ကြီး တွေးလိုက်မိသည်။

ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လားWhere stories live. Discover now