part(23)

4.3K 221 4
                                    

အပိုင်း(၂၃)
ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လား
"ကျွန်တော်ပေးတဲ့ ဆေးတွေရော သေချာသောက်ရဲ့လား"?

"သောက်ပါတယ်ခင်ဗျ"

ဆရာဝန်က ကျွန်တော် ကိုယ်ဝန်စ,ရကတည်းက သူ့ဆီမှာပဲ ပြခဲ့သည်မို့ အင်ထရာဆောင်းကိုလည်း သူ့ဆေးခန်းမှာပဲ ရိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။

"အင်း ကြည့်ရတာ အခြေအနေ ကောင်းပါတယ်။ကျောင်းပိတ်ထားမှ ဗိုက်ထွက်လာလို့ တော်ပါသေးတယ်"

"ဟုတ်တယ် ဒေါက်တာ။
နို့မို့ဆို ကျွန်တော် တစ်နှစ်လောက်
ကျောင်းနားလိုက်ရမှာပဲ ဗျ"

"ကဲ လာ ဒီဘက်ကို"

"ဟုတ်ကဲ့ခင်ဗျ"

"အင်ထရာဆောင်း ရိုက်လိုက်တော့ ကောင်းပါတယ်။အနေအထားလည်း ကောင်းမကောင်း ကြည့်လို့ရတယ်လေ"

"ဟုတ်ကဲ့"

"အင်း
အနေအထားကောင်းလည်း ကျောင်းသားကတော့ ခွဲမွေးတာ အကောင်းဆုံးပဲဗျ"

ဆရာဝန်ကလည်း သူ့ဘာသာသူ စကားကို ဖွင့်လိုက်၊ပိတ်လိုက် ပြောနေ‌ေလသည်။

သူ့နောက်သို့ လိုက်လာရင်း အင်ထရာဆောင်း ရိုက်သည့် အဆောင်ဘက်သို့ ရောက်လာလေသည်။

အစ်ကိုကောင်းမြတ်လွန်းကလည်း ကျွန်တော်တို့ နှစ်ယောက်၏ နောက်သို့ ထပ်ကြပ်မခွာ လိုက်လာလေသည်။

"ဒိမှာလှဲလိုက်ပါရှင့်"

ဆရာဝန်၏ အကူ သူနာပြုလေး နှစ်ယောက်က ကျွန်တော့်ကို ကုတင်ပေါ်သို့ လှဲခိုင်းလေသည်။

ကုတင်ပေါ်သို့ လှဲချလိုက်ပြီး ကျွန်တော် မျက်လုံးတွေကို မှိတ်ထားလိုက်သည်။
အမြွှာလေးတွေ ဖြစ်ဖို့ ၊မဖြစ်ဖို့ ထက် ကိုယ်လက်အင်္ဂါ စုံလင်ဖို့၊ကျန်းကျန်းမာမာ မွေးဖွားလာနိုင်ဖို့ ကိုသာ ဆုတောင်းနေမိသည်။

အစ်ကိုကောင်းမြတ်လွန်းရော ဘာတွေများ မျှော်လင့်နေပါလိမ့်မလဲ လို့ တွေးမိတော့ မျက်စိဖွင့်ကာ အစ်ကို ကောင်းမြတ်လွန်းကို လှမ်းကြည့်မိသည်။

ကျွန်တော့်မျက်နှာလေးကိုသာ ငေးကြည့်နေသော အစ်ကိုကောင်းမြတ်လွန်းကို မြင်လိုက်ရလေသည်။

ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လားWhere stories live. Discover now