Epi💙14💙Unicode💙

130 3 0
                                    

မောင့်သခင် ကြင်လှည့်ပါ

"လာ လာ လာ လာ...
လာ လာ လာ လာ....
လာ လာ လာ လာ....
လာ လာ လာ လာ....

နေတိုင်း...အချိန်ရှိတိုင်းသတိရတယ်...
ငါ့ရဲ့စိတ်က မင်းလေးကိုပဲ...
ညတိုင်း...အိမ်မက်လေးများထဲမှာ...
မင်းရဲ့အရိပ်နဲ့ အိပ်စက်နေခဲ့...
မင်းမှမင်းပဲအချစ်ရယ်
အခြားတယောက် အစားထိုးမရအောင်
တမ်းတမ်းစွဲပြီးချစ်မိနေခဲ့တယ်...
ကိုယ်တိုင်မှားယွင်းခဲ့တာ သိနားလည်..
ငါ့စိတ်ထဲကမေ့လိုက်ချင်ခဲ့..

[ငါ့ရဲ့အချစ်တို့မင်းလေးအပြစ်မယူနဲ့
ဒူးထောက်အရူံးပေးမင်းကိုချစ်နေမယ်..
ငါ့ရဲ့အချစ်တွေလည်း မင်းအတွက်ပဲ...

ငါ့ရဲ့အချစ်တို့မင်းလေးအပြစ်မယူနဲ့
ဒူးထောက်အရူံးပေးမင်းကိုချစ်နေမယ်..
ရင်ထဲကအချစ်တွေလည်းမင်းအတွက်ပဲ...]"

နေ့တိုင်း ရင်ခုန်တမ်းတမိတယ်
မင်းရဲ့စိတ်နဲ့ငါ့ရဲ့ကိုပဲ...
မှားယွင်းခဲ့တဲ့အပြစ်ရယ်...
စွန့်လွှတ်ဝေးလွင့်မူရယ်...
အိမ်မက်လေးပဲ ဖြစ်ပါရစေတော့ကွယ်...

[ငါ့ရဲ့အချစ်တို့မင်းလေးအပြစ်မယူနဲ့
ဒူးထောက်အရူံးပေးမင်းကိုချစ်နေမယ်..
ငါ့ရဲ့အချစ်တွေလည်း မင်းအတွက်ပဲ...

ငါ့ရဲ့အချစ်တို့မင်းလေးအပြစ်မယူနဲ့
ဒူးထောက်အရူံးပေးမင်းကိုချစ်နေမယ်..
ရင်ထဲကအချစ်တွေလည်းမင်းအတွက်ပဲ...]"

ဝေဟင်မောင်ရဲ့ သြရှရှအသံလေးဟာ သီချင်းလေးနဲ့လိုက်ဖက်ညီစွာ လေဟာနယ်ထဲသို့ပျံ့နှံလာခဲ့သည်။

သခင်သဘောကျရပါသည်။ အဆိုတော်အာဇာနည်ရဲ့"မင်းအတွက်"ဟုနာမည်တွင်သည့် သီချင်းလေးဟာ တစ်စုံတစ်ယောက်ကမိမိ့အတွက်ရည်စူးကာဆိုလာခဲ့ပြီ။

ထိုသူကလည်း သခင်ပထမဆုံးနှင့်နောက်ဆုံးချစ်ရပါသော မောင့်ဆီကပင်။

သခင်နှင့်မောင်တို့သည် "Royal Coffee "ဟူသည့် ဆိုင်လေးထဲတွင် ရှိနေကြခြင်း။ မောင်မှ သခင်တို့ချစ်သူစဖြစ်သည့်အထိမ်းအမှတ်အနေဖြင့် လျှောက်လည်ဖို့ရာခေါ်လာရာမှ ယခုလိုအခြေအနေသို့ရောက်လာခဲ့ခြင်း။

ဆိုင်ထဲမှလူအများစုရဲ့အကြည့်က မောင့်ဆီမှာ။
အထူးသဖြင့် ကောင်မလေးများပင်။ သခင်နည်းနည်းတော့မကြိုက်တော့ပါ...မောင့်အားအာရုံစိုက်ကာကြည့်နေကြသော ထိုသူတို့မျက်လုံးများတွင် သဘောကျနေသည့်အရိပ်အယောင်များ မြင်နေရသည်။

You've reached the end of published parts.

⏰ Last updated: Aug 03 ⏰

Add this story to your Library to get notified about new parts!

မောင့်သခင် ကြင်လှည့်ပါ 💙Ongoing💙Where stories live. Discover now