Ep-2

4.6K 364 1
                                    

ကျွန်တော့် Hyung လား။
ကလေးလေးလိုပဲ ။
ကျွန်တော့် Hyung လား ။
အရပ်က ကျွန်တော်နားရွက်နားလောက်ပဲရှိတယ် ။
ကျွန်တော့် Hyung လား။
မျက်ဝန်းလေးတွေသိပ်လှတယ်။ ဝိုင်းဝိုင်းပြည့်ပြည့်လေးတွေ။
ကျွန်တော့် Hyung လား။
နှာတံလေးလဲပြောစရာမရှိဘူး ။
ကျွန်တော့် Hyung လား။
ပါးလေးတွေကဖောင်းလွန်းလို့ ကိုက်ဆွဲပစ်ချင်တဲ့စိတ်ကိုမနည်းထိန်းရတယ်။ တချိန်ချိန်တော့ကျွန်တော်ကိုက်ဆွဲဖို့လဲရည်မှန်းထားတယ်။
ကျွန်တော့် Hyung လား။
Hyung မျက်နှာမှာဆွဲဆောင်မှုအရှိဆုံးက နှုတ်ခမ်းလေးပဲ။အသဲပုံစံပေါ်အောင် Hyung omma ဘယ်လိုများမွေးထားလဲ ကျွန်တော်တွေးမိတာအခါခါ။ အဲ့နှုတ်ခမ်းလေးတွေဆီ အကြည့်ရောက်တိုင်း အပိုင်လိုချင်မိတာလဲ အကြိမ်ကြိမ်။ ပစ်မှားနေမိတာလဲမရေတွက်နိုင်။ ကျွန်တော်ရူးမိတဲ့နှုတ်ခမ်းလေး ။
ကျွန်တော့် Hyung လား ။
အသံလေးအရမ်းနားထောင်လို့
ကောင်းတယ် ။အဆိုတော်လုပ်ပါလားဟု အကြံပေးချင်မိအောင်ကို နားဝင်ချိုတယ်။ ချစ်တဲ့စိတ်နဲ့မြောက်ပြောတာမဟုတ်ပါဘူးဗျာ။ တကယ် ပြောတာပါ။ Hyung အသံက vocalise တစ်ယောက်အသံ power လိုမျိုး။
ကျွန်တော့် Hyung လား ။
ခန္ဓာကိုယ်သေးသေးလေး။ အရပ်လေးကပုရတဲ့အထဲ လူကောင်ကသေးတော့ တကယ့်ကလေးအတိုင်းပဲ။ အထက်တန်းကျောင်းဝတ်စုံသာဝတ်လိုက်လို့ကတော့ လုံးဝကျောင်းသားပဲ။ ကျွန်တော်တောင်စတွေ့ကစ ကျောင်းသားလို့ထင်ခဲ့တာသာကြည့်။
ကျွန်တော့်Hyung လား။ လမ်းလျှောက်ရင်ကားတာကားတားနဲ့တကယ်ကိုပင်ဂွင်းပေါက်လေးနဲ့တူတာ။ အဲ့ဒါမို့လဲပင်ဂွင်းပေါက်လိုပေးထားတာ nickname အနေနဲ့။
ကျွန်တော့်Hyung လား။
ပြောရရင်ဗျာ တအားချစ်ဖို့ကောင်းတယ်။ တအားအသဲယားစရာကောင်းတယ်။ အသဲယားလွန်းလို့ ဆွဲဆက်ကိုက်ပစ်ချင် အတင်းကို ဖောင်းနေတဲ့ပါးတွေဖက်နမ်းပစ်ချင်လာအောင် ချစ်ဖို့ကောင်းပါတယ်။
ကျွန်တော်Hyung လား။
ကျွန်တော့်စိတ်ကူးထဲကအတိုင်းသာ အပြင်မှာHyung ကို လုပ်ရရင် Hyung ကိုယ်လေးကျွန်တော့် လက်ထဲမှာပဲ မွမွကျေသွားမယ့်အခြေအနေမျိုးပါ။ တစ်မျိုးမတွေးနဲ့အုံး။ ရင်ခွင်ထဲတအားထည့်ထားမှာမို့ မွမွကျေမယ်လို့ပြောတာပါ ။ထူးဆန်းတယ်။ ကျွန်တော် အနာဂတ်မှာ ကျွန်တော်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေကို သူနဲ့အတူတူလုပ်မယ် ။သူနဲ့ဒီလိုလေးနေမယ် ။အသက်ကြီးတဲ့အထိ သူ့ကိုပျော်ရွှင်အောင်ထားမယ် ။စတဲ့ရည်မှန်းချက်တွေက ဘာလို့ Hyung နဲ့ကျမှဖြစ်လာရတာလဲ ။Hyung နဲ့မှ ဘာလို့ ဒီလိုတွေးမိလာရတာလဲ။ ရှေ့မှာပြောခဲ့သလို တကယ်ပဲ Hyung က ကျွန်တော့်
ရဲ့ soulmate ထင်ပါတယ်ဗျာ။

ချစ်တယ် Hyung ရယ်Where stories live. Discover now