Ep-5

3.5K 320 2
                                    

လူတစ်ယောက်ရဲ့ရယ်နေတဲ့ပုံစံကကြည့်ကောင်းချင်ကြည့်ကောင်းလိမ့်မယ် အဆန်းမဟုတ်ပေမယ့် အဲ့ဒိလူရဲ့ ရယ်တဲ့ပုံစံကို အသက်ရှုဖို့မေ့လောက်အောင်ကြည့်နေမိမယ်ဆိုတာ ကျွန်တော်ဘယ်တုန်းကမှမတွေးဖူးခဲ့တဲ့အရာပါ ။ရယ်နေတဲ့ပုံစံ မျက်လုံးတွေကအရောင်တဖျတ်ဖျတ်လတ်နေသလိုပဲ။ ရယ်လိုက်တော့ပါးနှစ်ဖက်ကမို့တတ်သွားတယ် ။ဖောင်းနေတာကိုး။ နှုတ်ခမ်းက heart shape ပုံစံဖြစ်သွားတာ အထင်အရှား ။သူ့ကိုကြည့်ရင်း ကြည့်နေတဲ့သူပါသူ့အပျော်တွေသူ့အရယ်တွေကူးစက်လာအောင် ဆွဲဆောင်မှုရှိလွန်းနေတာ။ တစ်ခါမှ အဲ့လိုအားရပါးရရယ်တာကိုမမြင်ဖူးမိလို့ မျက်တောင်မခတ်မိအောင်ကျွန်တော်စိုက်ကြည့်နေမိတာထင်ပါရဲ့ ။

ကျွန်တော်ဘယ်လောက်တောင်စိုက်ကြည့်နေမိလဲမသိ ရယ်နေရင်းမှ ကျွန်တော်ဘက်ကိုရုတ်တရပ်လှည့်ကြည့်လိုက်တော့ ကဗျာကယာ မျက်နှာလွဲလိုက်ရပြီးမကြည့်သလိုနေလိုက်ရတယ် ။
အားးးးး ။Kim Jongin။ ဘယ်တုန်းကယောက်ျားတစ်ယောက်ကိုအဲ့လောက်ထိစိုက်ကြည့်ဖူးလို့တုန်း။ အလုပ်ထဲစိတ်နှစ်ထားစမ်း အလုပ်ကိုပဲတွေးစမ်း ။ကိုယ့်ကိုကိုယ် အားပေးလိုက်ရပေမယ့် ကျွန်တော့်စိတ်တွေက အဲ့အပြုံးဆီမှာပဲတဝဲလည်လည် ။

ကျွန်တော့်ကို ကျွန်တော်လဲ တော်တော်ထူးဆန်းနေတယ်လို့ထင်မိတယ်။ အခုတလော ကျွန်တော် အဖွဲ့မှုး Do KyungSoo ကိုပဲ အာရုံစိုက်နေမိတာကိုပါ။ သူ့သူငယ်ချင်းနှစ်ယောက်နဲ့ coffee ဆိုင်မှာတွေ့ပြီးကတည်းက ကျွန်တော် စိတ်တွေတစ်မျိုးဖြစ်နေခဲ့တယ် ။မဟုတ်ဘူး တကယ်တော့ သူတို့နဲ့မတွေ့ခင်ကထဲက ထူးဆန်းနေခဲ့တာ ။အားငယ်စိတ်နဲ့ငိုနေတဲ့ မျက်ဝန်း၊ အားကိုးတကြီးရင်ခွင်ထဲဝင်လာပြီး ရှိုက်ငိုနေတဲ့အသံ၊ အဲ့ဒါတွေကကျွန်တော့်စိတ်ထဲကနေဖျောက်လို့မရဘူးဖြစ်နေခဲ့တာ ။

အခုလက်ရှိကျွန်တော်တွေ့နေရတဲ့ အဖွဲ့မှုးပုံစံ နဲ့ ဟိုတစ်နေ့ကကျွန်တော့်ရှေ့မှာ ငိုခဲ့တဲ့ ပုံစံ လုံးဝခြားနားနေခဲ့တယ် ။အလုပ်မှာတော့တကယ်ကို တော်တဲ့အဖွဲ့မှုးတစ်ယောက်ပါ ။တခြားအဖွဲ့က ဝန်ထမ်းတွေရဲ့လေးစားမှုလဲခံရတဲ့အပြင် အဖွဲ့မှုးအချင်းချင်းထဲမှာလဲ အရည်အချင်းရှိတယ်လို့ သတ်မှတ်ခံထားရတဲ့သူတစ်ယောက်ပါ။ အေးအေးနေတတ်ပြီး အရယ်အပြုံးလဲနဲတယ်လို့လဲ မှတ်ချက်ပေးကြတယ်။ ဟုတ်တော့လဲဟုတ်တယ် ။အလုပ်ကိစ္စကလွဲလို့ အလုပ်အကြောင်းအရာတွေကလွဲလို့ ဘယ်သူနဲ့မှ ရယ်ပြုံးပြီးစကားပြောတာမရှိဘူး။ အနေအရမ်းတည်တဲ့ပုံစံလဲမဟုတ်ပြန်ဘူး။ အနေအေးတယ်ပဲပြောရမှာပါ။ အားလုံးနဲ့လိုက်လျောညီအောင်နေတတ်ပေမယ့် ဖော်ရွေလွန်းတဲ့ပုံမဟုတ်တာကသူ့ရဲ့ စွဲဆောင်မှုပြောရမလား ။

ချစ်တယ် Hyung ရယ်Where stories live. Discover now