Ep-14

3.2K 250 3
                                    

"Jongin ငါနဲ့စကားခနပြောရအောင် "

ဆေးအရှိန်ဖြင့် နှစ်ခြိုက်စွာအိပ်ပျော်နေသည့် Hyung လက်ကလေးတွေကို ကျွန်တော်ဆုပ်ကိုင်ထားရင်းမှ Baekhyun Hyung ရဲ့စကားကြောင့် လက်ကိုအသာချထားပေးကာ Baekhyun ခေါ်သည့် အခန်းပြင်ထွက်လာခဲ့ကြသည်။

"ဘယ်လိုဖြစ်ကြတာလဲ Jongin ရယ် ငါသေချာပြောထားရက်နဲ့ KyungSoo အခုတလော စိတ်တွေပင်ပန်းနေတယ်ပါတယ်ဆို "

လူအနည်းငယ်ရှင်းသည့် နေရာရောက်တော့ Baekhyun Hyung ရဲ့မေးခွန်းတွေစတင်နေလေရဲ့။ကျွန်တော် စိုးရိမ်တကြီးဖြစ်ကာ ဖုန်းဆက်ခေါ်၍ အလန့်တကြားဖြင့်ပြေးလာကြသော Baekhyun နှင့် Chanyeol တို့ကတော့ ကျွန်တော်တို့ဘာတွေဖြစ်ခဲ့သည်မသိသေး။ဆေးရုံအရေးပေါ်ခန်းအတွင်း သတိလစ်နေသည့် Hyung ကိုတွေ့တော့ သူတို့လဲ စိတ်တွေပူကာ Jongin ကိုလဲအပြစ်တွေတင်လေရဲ့။ကျွန်တော်လဲ ကိုယ့်ကိုကိုယ် သတ်သေချင်မိသည်အထိ နောင်တတွေရနေရသည်လေ။ဆရာဝန်အပြောကတော့ Hyung က စိတ်ထိခိုက်မှုပြင်းထန်ပြီး လျှော့ရသွားသည်တဲ့။ခန္ဓာကိုယ်ကလဲ အားနည်းနေသည်မို့ အခန့်မသင့်ဖြစ်ပြီး သတိလစ်သည်အထိဖြစ်သွားရသည်တဲ့လေ။အရေးပေါ်ကုသမှုကြောင့် စိတ်ချရပေမယ့် သေချာအနားယူရမည်ဟုလဲ ကျွန်တော်တို့ကို မှာသွားလေရဲ့။

"KyungSoo ဒီရက်ပိုင်းအများကြီးပင်ပန်းခဲ့တာ အစားလဲသိပ်ဝင်တာမဟုတ်ဘူး စိတ်မချရလို့ ငါတောင် ဆိုင်ကိုမလာခိုင်းဘူး မင်းဖြစ်ချင်တာတွေ ငါတို့သိပါတယ် မင်းခံစားချက်ကိုလဲ နားလည်ပေမယ့် KyungSoo ကိုတော့ အရမ်းဖိအားမပေးပါနဲ့ကွာ နော် ငါတောင်းပန်တာပါ "

Baekhyun Hyung ရဲ့စကားကြောင့် ကျွန်တော့်ရင်တွေလဲ နာကျင်နေရသည်။ကျွန်တော်လဲ အသက်တမျှချစ်ရသည့်သူကို နာကျင်စေဖို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဘူးပါ။ကျွန်တော့်ကို နားလည်စေချင်ရုံ ကျွန်တော့်ကို ယုံကြည်ပေးစေချင်ရုံသက်သက်ပဲဆိုတာ ကျွန်တော် ဘယ်လိုများသက်သေပြရပါလိမ့်နော်။

"ကျွန်တော် ဘာအမှားလုပ်မိလို့လဲ ကျွန်တော် မှားတာဆိုလဲ ပြင်လို့ရအောင် အသိတော့ပေးသင့်တယ်မဟုတ်ဘူးလား Baekhyun Hyung ရယ် "

ချစ်တယ် Hyung ရယ်Where stories live. Discover now