Ep-17

4.2K 263 38
                                    

" ငါ အောက်မှာနေမယ် Jongin .... မင်းအပေါ်မှာနေ "

" ကျွန်တော် အောက်မှာနေမယ် ... Hyung အပေါ်မှာနေပါဆို "

"Hyung စကားကို နားထောင်စမ်း ငါက အောက်မှာနေတာ ပိုအဆင်ပြေတယ် "

" ကျွန်တော်လဲ အောက်မှာနေရတာ ပိုသက်သာတယ် ... Hyung သာ အပေါ်မှာနေပါဆို "

"မရှည်နဲ့ဆို Kim Jongin ... အဲ့ဒါနဲ့ နှစ်ယောက်လုံး အိပ်ရမှာမဟုတ်တော့ဘူး ...."

"အဲ့ဒါကြောင့် ကျွန်တော့်စကား နားထောင်ပါဆို .... "

ညစာ စားပြီးကထဲက နှစ်ယောက်သား အပေါ်နေရေး အောက်နေရေး အခြေအတင်ဖြစ်နေကြသည်မှာ တော်တော်နဲ့မပြီး ။ Kyung Soo ကလဲ ခေါင်းမာသလို Jongin ကလဲအလျှော့မပေး ။

"Hyung က အကြီး .. ဒီတော့ ကုတင်ပေါ်မှာ အိပ် .... ဟုတ်ပြီလား .. ကျွန်တော်က အငယ် ... အောက်မှာအိပ်မယ် ... ကျွန်တော် ကြမ်းပြင်မှာအိပ်တတ်ပါတယ်ဆို "

" အပိုရှိတဲ့ အိပ်ရာခင်းက size သေးတယ် ... မင်းရဲ့ အရပ်နဲ့ဆန့်မှာမဟုတ်ဘူး .. ကွေးပြီး အိပ်ရမှာ မသက်သာဘူး ... ငါအိပ်ပါမယ်ဆို "

နှစ်ယောက်သား ဧည့်ခန်းထဲရှိ ဆိုဖာပေါ်ထိုင်ပြီး ဆွေးနွေးနေကြသည်မှာ ဖွင့်ထားသော TVကိုလဲ မကြည့်ဖြစ် ။ စားမည်ပြင်ထားသော အသီးတွေကိုလဲ မစားဖြစ်သေးပေ ။ ဘန်ဂလိုရှိ အိပ်ခန်းက တစ်ခန်းထဲဖြစ်သည့်အပြင် ကုတင်ကလဲ နှစ်ယောက်အိပ်ကုတင် တစ်လုံးထဲ ။ နှစ်ယောက်အတူ အိပ်လို့ရပေမယ့် အတူအိပ်လိုက်လို့ ဘာမှမဖြစ်သွားပေမယ့် Kyung Soo ကလဲ အိပ်ဖို့ မဝံ့ရဲ ။ ထို့အတူ Jongin ကလဲ Kyung Soo ကို ငဲ့ပြီး အိပ်ဖို့မပြော၍ ထိုပြဿနာက ရှည်လာရခြင်းပင် ။

ချစ်သူတွေ ဖြစ်လာပြီးကထဲက Jongin သူ့ဘက်က စည်းတစ်ခုထားခဲ့သည် ။ အရင်က Kyung Soo အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အဖြစ်မျိုး ထပ်မဖြစ်အောင် Kyung Soo နာကျင်ရမှာစိုး၍ သူ့ကိုယ်သူ ထိန်းသည့်သဘောမျိုးလားမသိ ။ ချစ်သူသက်တမ်း ရက်တစ်ရာသာ ပြည့်လာသည် ။ Kyung Soo အပေါ် ကြမ်းတမ်းသည်မရှိ  ။ အပွေ့အဖက် အနမ်းအရှုံ့ကတော့ ချစ်သူသဘာဝမကင်းနိုင်သည်မှလွဲ၍ Kyung Soo ကို အရမ်းတန်ဖိုးထားသည် ။ မထိရက် မကိုင်ရက် ကြွေရုပ်တစ်ရုပ်လို ဆက်ဆံသည် ။ စောင့်ရှောက်သည် ။ မြတ်နိုးသည် ။ ယုယသည် ။ ဖြူစင်သည့် Jongin နှလုံးသားကို Kyung Soo အထင်ကြီး လေးစားမိရသည် ။

You've reached the end of published parts.

⏰ Last updated: Dec 14, 2017 ⏰

Add this story to your Library to get notified about new parts!

ချစ်တယ် Hyung ရယ်Where stories live. Discover now