Ep-8

3.3K 296 3
                                    

လက်ကိုအကြောင်းပြုပြီး အလုပ်ကိုတစ်ပတ်လောက်ကျွန်တော်နားလိုက်ရတယ်။ ချစ်လှစွာသောအဖွဲ့မှုးကလဲ ကျွန်တော့်ကိုလုံးဝအလုပ်မလာခိုင်းပေ။ သူ့တာဝန်ယူမယ်ဆိုပြီး ခွင့်တွေပေးသွားတော့တာပါပဲ ကျွန်တော်လဲ အလုပ်သွားချင်ပေမယ့် ဟိုရောက်လဲ ဘာအလုပ်မှလုပ်နိုင်မယ့်ပုံမပေါ်ဘဲ ကျွန်တော့်အတွက်ကျန်တဲ့သူတွေပါ အလုပ်ရှုပ်ကုန်မှာစိုးလို့ အိမ်တွင်းပုန်းနေရတယ်ဆိုပါတော့ ။အိမ်မှာနေတော့ အမေ့ရဲ့ ဆူညံသံနဲ့နှစ်ပါးသွားနေရတော့တယ် ။ဒါတောင်ကျွန်တော်နေမကောင်းနေတုန်းမို့ သိပ်ပူညံညံမလုပ် ။ဆေးသောက်ပြီးပြီလား TV ပဲကြည့်နေတာပဲ ဖုန်းကလက်ကမကောင်းဘဲကိုင်ပြန်ပြီလား နေသာမကောင်းတာ အငြိမ်ကိုမနေဘူး စသဖြင့် ကျွန်တော်လဲနားညီးလာတဲ့နေ့တွေဆို Baekhyun Hyung coffee ဆိုင်သွားထိုင်နေလိုက်တယ် ။တော်သေးတယ် ခြေထောက်မဖြစ်လို့ ။

Baekhyun Hyung ဆိုင်ရောက်ရင် coffeeသောက်လိုက် သီချင်းလေးနားထောင်လိုက် Baekhyun Hyung အားရင်စကားပြောလိုက် စာအုပ်ဖတ်လိုက်နဲ့ အဆင်ပြေနေတာလေ ။အကြာကြီးတော့မနေပါဘူး။ ညနေပိုင်းဆိုကျွန်တော်ရောက်ဖြစ်တယ် ။ကျွန်တော်တို့အလုပ်ဆင်းချိန်ပေါ့။ အဲ့အချိန်ဆို Chanyeol Hyung လဲပြန်လာတဲ့အချိန် ပြီးတော့ KyungSoo Hyung လဲ ဝင်လာတတ်တဲ့အချိန်ပေါ့ ။coffee လဲသောက်ရင်းစောင့်နေတဲ့သူကိုလဲမျှော်ရင်းနဲ့ပေါ့ ။အလုပ်မသွားတော့ မတွေ့ရတဲ့မျက်နှာတစ်ခုကိုလွမ်းနေမိတာကြောင့်လဲပါမှာပေါ့ ။ညဘက်ရောက်ရင် ရှိနေပြီးသား ဖုန်းနံပါတ်တစ်ခုကို ခေါ်ဖို့အကြိမ်ကြိမ်ကြိုးစားပြီး ချပစ်လိုက်ရတဲ့ ကျွန်တော့်စိတ်ကို ပြေစေချင်တာလဲပါတာပေါ့။ ပြီးတော့ သိချင်တဲ့ကိစ္စတစ်ခုကို အခွင့်ကြုံရင် Baekhyun Hyung ကိုမေးချင်တာလဲ အပါအဝင်ပါ။ ကျွန်တော်တကယ်ပဲသိချင်မိခဲ့တာပါ ။အဲ့နေ့က KyungSoo Hyung ဆီဖုန်းလာတဲ့ကိစ္စကို ။

Baekhyun Hyung အားတဲ့အချိန် ကျွန်တော်နဲ့ coffee တူတူလာသောက်တော့ကျွန်တော်မေးကြည့်မိတယ် ။သူတို့ကတော့သိမှာပဲလေ KyungSoo Hyung ကျိန်းသေပေါက်ပြောမှာပဲ ။ကျွန်တော်မေးတော့ Baek Hyung က ပြောသင့်မပြောသင့် ခနစဉ်းစားနေသေးတယ် ။ခင်မင်တာကြာလာပြီမို့ ပြောချင်နေပေမယ့် တဖက်ကလဲ သူများကိုယ်ရေးကိုယ်တာဆိုတော့ Baek Hyung တွေဝေနေတယ်ထင်ပါရဲ့ ။

ချစ်တယ် Hyung ရယ်Where stories live. Discover now