Ep-9

3.2K 342 5
                                    

" Jongin ရဲ့ ငယ်ဘဝတွေကပျော်ရွှင်ကောင်းပျော်ရွှင်ခဲ့လိမ့်မယ် Hyung ကတော့အဲ့လိုမဟုတ်ခဲ့ဘူး "

♡♡♡♡♡♡♡♡♡♡♡♡♡♡♡

" KyungSoo က သူ့ကိုသိပ်ချစ်ခဲ့တာ ဘဝနဲ့ရင်းပြီးတော့ချစ်ခဲ့တာ KyungSoo အချစ်မှားခဲ့တယ်ပဲပြောရမှာပေါ့ကွာ "

ညကထဲက KyungSoo Hyung ကျွန်တော့်ကိုပြောပြထားပြီးဖြစ်ပေမယ့် နောက်တစ်နေ့မနက်မှာပဲ Baekhyun Hyung က ကျွန်တော့်ကို KyungSoo Hyung အကြောင်းတွေအားလုံးကိုထပ်ပြောခဲ့တာပါ ။ကျွန်တော်လဲ အကြောင်းစုံကို စုံစုံလင်လင်ပိုသိခဲ့တယ်ပေါ့ ။ KyungSoo Hyung ရဲ့ ချစ်ဦးသူဆိုသူရဲ့အကြောင်းကိုပေါ့ ။ထိုသူက Baekhyun Hyung ရဲ့ အစ်ကိုတစ်ဝမ်းကွဲဖြစ်နေတာကလဲ ကျွန်တော့်ကိုပိုအံ့အားသင့်စေခဲ့တာပါ ။

" KyungSoo နဲ့ In Sang Hyung နဲ့စသိတုန်းက ငါတို့အလယ်တန်း ပထမနှစ်ပဲရှိသေးတယ် In Sang Hyung က UK ကနေပြောင်းလာတာ ငါ့အိမ်လာရင်း KyungSoo နဲ့တွေ့ပြီးခင်မင်ခဲ့ကြတယ် KyungSoo ကလဲ Hyung ကို အရမ်းအားကိုးပြီးချစ်ခင်သလို In Sang Hyung ကလဲ KyungSoo ကို အရမ်းခင်မင်တယ် အလိုလိုက်တယ် စားအတူသွားအတူတွေဖြစ်ခဲ့ကြတယ် ကျောင်းကလဲ In Sang Hyung က အထက်တန်းကျောင်းသား ကျောင်းလဲအတူတူပဲ တတွဲတွဲနဲ့ ညီအစ်ကိုအရင်းတွေအလားခင်မင်ခဲ့တယ်လို့ထင်ခဲ့ကြပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်ခဲ့ကြတယ် လူကြီးတွေကို အသိပေးခဲ့ကြပြီး အားလုံးတားနေတဲ့ကြားကနေ သူတို့အချစ်ကို တည်ဆောက်ခဲ့ကြတာ "

Baekhyun Hyung ပြောစကားကိုနားထောင်ရင်းကျွန်တော့်မျက်လုံးထဲ ချစ်သူလက်ကိုဆုပ်ကိုင်ရင်း ပျော်မြူးနေမယ့် KyungSoo Hyung ကိုမြင်ယောင်နေမိတယ် ။ဘယ်လောက်တောင်မှပျော်ရွှင်နေလိုက်မလဲ တွေးနေမိတယ် ။

" KyungSoo မိဘတွေ In Sang Hyung မိဘတွေကနားလည်ပေးကြပေမယ့် သူတို့နဲ့ပတ်သက်တဲ့မိသားစုဝင်တွေက နားလည်မပေးကြဘူး boy to boy lover ဘဝကိုရွံမုန်းကြတယ် အထူးသဖြင့် KyungSoo ဘက်က အသိုင်းအဝိုင်းကပိုဆိုးတယ် KyungSoo မိဘတွေကိုပါ ပစ်ပယ်ထားကြတာ KyungSoo အတွက်နဲ့ ဆွေမျိုးတွေထိခိုက်တယ်ဆိုပြီး ရှောင်ဖယ်ထားခံခဲ့ရတယ်  အပြောဆိုခံပြီး  KyungSoo ချစ်ခဲ့တယ် ဆွေမျိုးတွေသာသိပေမယ့် ပတ်ဝန်းကျင်ကတော့ သူတို့အချစ်ကိုမသိခဲ့ကြဘူး အများသိသွားရင် အရှက်ရမှာစိုးလို့တဲ့ ဆွေမျိုးတွေကပဲ မသိအောင်ဖုံးဖိထားကြတာ သိတဲ့သူဆိုလို့ ငါတို့မိသားစုရယ် In Sang Hyung တို့ရယ် KyungSoo ဆွေမျိုးတွေရယ်ပဲ "

ချစ်တယ် Hyung ရယ်Where stories live. Discover now