Ep-15

2.6K 242 12
                                    

အချစ်ဆိုတာကို မယုံကြည်ဘူး။
မယုံရဲတယ်ဆိုရင် ပိုမှန်လိမ့်မည်ထင်သည်။
အချစ်ဆိုတာ ပေးဆပ်ခြင်း၊ရယူခြင်း၊စွန့်လွှတ်ခြင်း စသည်ဖြင့်
လူတွေအမျိုးမျိုးသတ်မှတ်ကြသည့် အချစ်က ကျွန်တော်အတွက်တော့ ကွဲပြားခြားနားစွာ တည်ရှိနေလေရဲ့။

(ဒီအပိုင်းကနေစပြီး Do Kyung Soo ဘက်ကနေ ရေးသွားပါမယ်နော်)

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

ဖရုံသီးလေးတွေကို အနေတော်လှီးပြီးသည်နှင့် အသင့်နယ်ထားသော မုန်နှစ်ထဲ ထည့်စိမ်ကာ ကြော်လိုက်တော့ စားချင်စဖွယ် အနံ့သင်းသင်းတို့က မီးဖိုချောင်ထဲလွှင့်ပျံလာသည်။ကြက်သားကျော်ကို ဟင်းနှစ်ဆမ်းထားသည့် ဟင်းလျာကတော့ စားပွဲပေါ်အဆင်သင့်ရောက်နေပြီ။မီးဖိုပေါ်မှတော့ Kyung Soo ရဲ့ အကျွမ်းကျင်ဆုံးဟင်းဖြစ်သည့် ပဲငပိဟင်းရည်အိုးက ပွက်ပွက်ဆူနေပြီ။ထမင်းအိုးမှလဲ ထမင်းကျက်ပြီဖြစ်ကြောင်းအသံပေးနေလေရဲ့။

"အားလုံးတော့ ပြီးနေပါပြီ .. ဟင်းက နည်းနေမလား .. ကြက်ဥလိပ်ပဲဖြစ်ဖြစ် ထပ်လုပ်လိုက်ရင် ကောင်းမယ်ထင်တယ် "

ကိုယ့်အတွေးနှင့်ကိုယ် ကြက်ဥတွေ ဖောက်ထည့်ကာ မွှေနေတုန်း ဆူပုတ်ပုတ်မျက်နှာပေး အိပ်ချင်မူးတူးရုပ်ဖြင့် Baekhyun တစ်ယောက် မီးဖိုးချောင်ထဲဝင်လာလေသည်။

"နှစ်သစ်ကူးပွဲမို့လို့လား .. ဒါမှ မဟုတ် မွေးနေ့မို့လို့လား ... ဘာနေ့မှလဲမဟုတ်ဘဲနဲ့ မနက်စာထမင်းလေးတစ်နပ်ပဲဟာကို အဲ့လောက်ကြီးပြင်စရာလိုလို့လား Do Kyung Soo shi "

ပါးစပ်ကလဲ ပွစိပွစိပြောနေသလို လက်ကလဲ အငြိမ်မနေ။ဖရုံသီးကြော်တစ်ခုကောက်ယူကာ ပါးစပ်ထဲထည့်နေ၍ ပခုံးကို တစ်ချက်ပိတ်ရိုက်လိုက်ရသည်။

"လက်ကြီးနဲ့ မယူနဲ့လေ ... အခုထိ မကျက်သေးဘူး မင်းလဲ စားရမှာပဲဟာကို .."

"အရင်နေ့တွေကတော့  ပေါင်မုန့်မီးကင်ကိုတောင် အပြောအဆိုခံပြီးမှ ငါတို့မှာ စားသောက်ရတာ ..  Kim Jongin တို့များ ကံဇာတာကောင်းလိုက်တာ ထမင်းချက်ကျွေးမယ့် ချစ်သူက အဆင်သင့် ... "

လက်ထဲကိုင်ထားသည့် ဇွန်းခွက်ဖြင့် ခေါက်ရန်ပြင်လိုက်မှ Baekhyun တစ်ယောက် ခေါင်းငုံ့ရှောင်လိုက်ပြီး စပ်ဖြဲဖြဲမျက်နှာဖြင့် အိမ်ရှေ့သို့ထွက်ပြေးသွားလေရဲ့။လျှာထုတ်ပြီးလဲ Kyung Soo ကို ပြောင်သွားသည့်ပုံမှ အသဲယားစရာ။Baekhyun တစ်ယောက် တစ်ခါတလေလဲ ချစ်ဖို့ကောင်းသလို တစ်ခါတလေလဲ ထုရိုက်ချင်စရာကောင်းနေလေသည်။Kyung Soo ဘယ်လောက်ပဲရိုက်ရိုက် အပြုံးမပျက်သည့် အစမပျက်သည့် ငယ်သူငယ်ချင်းလေးကို Kyung Soo အင်မတန်ပဲ ခင်မင်မိရပါသည်။Kyung Soo အတွက် အားပေးဖော် သူငယ်ချင်းတစ်ယောက် Kyung Soo ဘက်မှာ ရပ်တည်ပေးခဲ့သည့် ငယ်သူငယ်ချင်းလေးတစ်ယောက်အဖြစ် Kyung Soo အမြဲကျေးဇူးတင်နေရသည်။

ချစ်တယ် Hyung ရယ်Where stories live. Discover now