Ep-12

3.7K 322 10
                                    

" ကဲ ဘယ်လိုဖြေရှင်းချက်ပေးမလဲ နားထောင်ကြည့်မယ် "

နှစ်ယောက်လုံးဆီမှ ဘာသံမှမထွက်။ခေါင်းတွေငုံ့ကာ ငြိမ်နေကြသည်မှာ အရင်က Byun Baekhyun နှင့် Park Chanyeol မှ ဟုတ်ပါလေစွ တွေးမိအောင်ပင်။

"ဘာလို့ ငြိမ်နေကြတာလဲ တစ်ခုခုတော့ပြောရမှာ မဟုတ်ဘူးလား "

"နေပါအုံး ငါတို့ကို တရားခံစစ် စစ်နေတာလား Kim Jongin "

စိတ်ဆတ်တတ်သော Chanyeol Hyung ကဒေါသတကြီးမေးသည်ကို Baekhyun က မပြောနဲ့ဟု တားလေရာ Chanyeol Hyung ငြိမ်သွားပေမယ့် ကျွန်တော့်ကို ကြည်ပုံမရ။

"အမှန်ကို သိချင်ရုံလေးပါ ဘာလို့ကျွန်တော့်ကို ဖုံးကွယ်ထားတာလဲ သိချင်တာလေးပါ "

"အဲ့ဒါကလေ Jong Jongin ah ..."

အပြောကောင်းသည့် Baekhyun Hyung ၏ အထစ်ထစ်အငေါ့ငေါ့စကားသံကြောင့် ကျွန်တော်စိတ်ထဲကျိတ်ကာရယ်မောနေမိသည်။အရှေ့မှာထိုင်နေသည့် Baekhyun Hyung ရှက်လွန်းလို့ လဲကျမလားတောင်ထင်ရသည်အထိ မျက်နှာတွေလဲ နီရဲကာ ဖျားနေသည့် KyungSoo Hyung မျက်နှာနှင့်မခြားပေ။

ခေါင်းမာသော KyungSoo Hyung ကိုဆေးရုံသွားရန်ခေါ်သော်လဲ Hyung က မသွားဘူးဟုသာငြင်းနေရာ ကျွန်တော်လဲ လက်လျှော့ပြီး အိမ်မှာပဲ  ဆန်ပြုတ်တိုက် ဆေးတိုက်နှင့် ဆရာဝန်လုပ်လိုက်ရသည်လေ။ကျွန်တော်ပြုတ်ကျွေးသည့် မကောင်းမကန်းဆန်ပြုတ်ကို ကုန်အောင်သောက်ပြီး ဆေးသောက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့မှ ကျွန်တော်လဲ စိတ်အေးသွားရသည်လေ။အိပ်နေသော Hyung ရဲ့နဖူးပေါ် ရေဝတ်တင်ပေးပြီ ကျွန်တော် သိသလောက် တက်သလောက်ပြုစုလိုက်တော့ အဖျားအတော်ကျသွားလေရဲ့။

Hyung ကိုစိတ်မချသည့်စိတ်တွေနှင့် အိမ်ပြန်လဲ မဖြောင့်မည်မို့ အမေ့ကိုလဲ ခွင့်တောင်းကာ Hyung တို့အိမ်မှာပဲ ညအိပ်ဖို့ ကိုယ့်ဘာသာစီစဉ်နေတာ Baekhyun Hyung တို့သာသိရင် ပွစိပွစိလုပ်အုံးမည်မှာအသေအချာ။သူတို့လဲ နေနိုင်ကြသည်။ခုချိန်ထိ KyungSoo သက်သာပြီလားဟေ့ တစ်ခွန်းမမေး။ဖုန်းလဲမဆက်။ပြန်လဲပြန်မလာကြသေး။တော်တော်အားကိုးရသော သူငယ်ချင်းများဟု တွေးကာ စိတ်တွေတိုနေမိသည်လေ။

ချစ်တယ် Hyung ရယ်Where stories live. Discover now