Ep-16

2.7K 247 16
                                    

" Jongin ah .... အသားကို အဲ့အပိုင်းမယူနဲ့ ... ပေါင်သားက နူးညံ့တယ် .. ပေါင်သားကိုယူ"

"ကြက်သွန်က တစ်အိတ်လုံး ဘာလုပ်ဖို့တုန်း .. အဲ့လောက်မလိုဘူးလေ ... ဟင်းအနှစ်သုံးရုံပဲလေ ... "

"အသီးအရွက်ဆိုရင် ရမ်းယူလို့မရဘူး ... မလတ်ဆတ်တာတွေ စားမိရင် ဒုက္ခရောက်မှာ ... "

"ya ... နှစ်ယောက်စာပဲ စားမှာကို ဘာလို့အများကြီးယူနေတာလဲ ... ဒါတွေက နောက်နေ့ထိ မခံဘူး ... "

"ဒီတံဆိပ်နဲ့ ဆော့က အချိုအရမ်းများတယ် ဒီ တံဆိပ်ကိုယူရတယ် ... "

"အစာပြေမုန့်တွေက အဆီတွေများတယ် .. ကလေးလဲမဟုတ်ဘဲနဲ့ ဘာလို့အများကြီးဝယ်နေတာလဲ ... "

"မဖြစ်တော့ဘူး .. Jongin ... မင်း လှည်းသာတွန်းပြီး လိုက်ခဲ့တော့ ... ငါပဲ ကြည့်ဝယ်တော့မယ် ... "

Jongin ကိုသာ ဈေးဝယ်ဖို့ ဆက်ပြီးတာဝန်ပေးမိရင် ဒီနေ့အဖို့ အိမ်ပြန်ရောက်ဖို့က မသေချာတော့။မလိုအပ်တာတွေလဲ ဝယ်လိုဝယ်။ဘယ်ပစ္စည်းက ကောင်းလဲ၊ဆိုးလဲ မသိ။နှစ်ယောက်စာပဲဝယ်ရမှာကို ပမာဏမချိန်တတ်တော့ အများကြီး ထည့်လိုထည့်။Jongin က ခြင်းထဲထည့်လိုက် Kyung Soo က ပြန်သွားထားလိုက်နှင့် ဈေးဝယ်တာ တစ်နာရီကျော်နေပြီ။ခုထိ မယ်မယ်ရရ ဘာမှ မဝယ်ဖြစ်သေး။အစားအသောက်အကြောင်းနားမလည်သူက Kyung Soo ကို ဟင်းချက်ကျွေးအုံးမယ်တဲ့။ဘယ်လိုတွေဖြစ်လာမယ်မသိ။

"ဟင်းလျာတစ်ခုဖြစ်ဖို့ အဲ့လောက်တောင် ရှုပ်ရသလား Hyung ရာ ... "

"အာ့ကြောင့်ပြောတာပေါ့ ... ငါပဲချက်တော့မယ် ... "

"မရပါဘူး ... ကျွန်တော်ပဲချက်မှာ ... Hyung ကိုကျွေးချင်လို့ Chanyeol hyung ဆီမှာတောင် ဟင်းချက်နည်းသေချာသင်ထားတာပါဆို ... "

မဟုတ်သည့်နေရာတွင် ခေါင်းမာနေသော Jongin ကို Kyung Soo လက်လျှော့ထားလိုက်ရသည်။စားမကောင်းလဲ သည်းခံ Do Kyung Soo ဟုသာ ကိုယ့်ကိုကိုယ် အားပေးနေရသည့်အဖြစ်။Jongin ကတော့ သူ့အတွေးနှင့် သူ ဟိုလိုချက်မယ် ဒီလိုချက်မယ် ပြောကာ ကျေနပ်နေလေရဲ့။နေ့လည်စာကိုတော့ သူ့စိတ်ကြိုက်သာ ချက်စေပြီး ညစာကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ အတင်းလုချက်ရမည်လေ။ဈေးဝယ်ပြီးပြန်လာတော့ ice-cream ဗူးကြီးက ပါလာသေးသည်။Jongin က ကားမောင်းနေရတာဖြစ်လို့ Kyung Soo မှာ လမ်းတစ်လျှောက်လုံး ice-cream ကို ခွံ့ကျွေးရသေးသည်။ပြောပါတယ်။

ချစ်တယ် Hyung ရယ်Where stories live. Discover now