" ဒီနေ့ စတိုခန်းစစ်ဖို့ တာဝန်ကျတဲ့သူ Kim Jongin "
ကုမ္ပဏီကိုခွင့်ပြည့်ပြီးပြန်ရောက်တာနဲ့ ကျွန်တော့်အတွက်အလုပ်တွေက တန်းစီနေသလားထင်ရအောင်ပင်။ခွင့်ယူထားသည့်နှစ်ပတ်အတွင်း အလုပ်တွေကတောင်ပုံရာပုံ။ဝိုင်းဝန်းကူလုပ်ပေးကြသော်လည်း အားလုံးက ကိုယ့်အပိုင်းနှင့်ကိုယ်မို့ ကျွန်တော်အပိုင်းတွေအတွက်က ကျွန်တော်လာမှအပြီးသတ်နိုင်မှာလေ။အခုလဲ နှစ်ရက်ရှိပြီ။ကျွန်တော် စတိုခန်းအတွင်းသောင်တင်နေတာ။ပစ္စည်းစစ်လိုက် အပေါ်တက်လိုက် စာရင်းစာအုပ်တွေယူ အောက်ပြန်ဆင်း နဲ့ elevator ကိုတစ်ယောက်ထဲအပိုင်စီးထားသလားထင်ရအောင်ပင်။ဖိုင်တွဲတွေတစ်ထပ်ကြီးနဲ့ elevator ရှေ့မှာကျွန်တော် စောင့်နေရပြန်ပါပြီ။တံခါးပွင့်သွားတော့ အတွင်းထဲကျွန်တော်မြင်ချင်နေသည့် အမောပြေ မျက်နှာလေးက ကျွန်တော့်ကိုတွေ့တော့ ပြုံးပြနေလေရဲ့။တကယ်ပါ Hyung ပြုံးရင် ကမ္ဘာလောကကြီးခနရပ်တန့်သွားသလို။
" မဝင်ဘူးလား "
ဘယ်လောက်တောင် အပြုံးထဲမျောနေသည်မသိ။Hyung ရဲ့သတိပေးစကားသံနှင့်အတူ elevator ပြန်ပိတ်တော့မည်ကို ခလုတ်နှိပ်ဖွင့်ပေးထားတာကိုတွေ့တော့မှ အသိစိတ်တွေပြန်ကပ်လေရဲ့။Kim Jongin တို့ Hyung ရှေ့ရောက်ရင် စိတ်နဲ့လူနဲ့အမြဲမကပ်။
Hyung က ကျွန်တော် elevator ထဲရောက်တာနဲ့ ကျွန်တော့်လက်ထဲက ဖိုင်တွဲတွေကို တစ်ဝက်ခွဲသယ်တယ်။ကျွန်တော် မယူဖို့တားပေမယ့်မရဘူး။
" အခုမှ လက်ကကောင်းကာစ လို့အများကြီးသယ်လာတာလဲ "
အပြစ်တင်သလိုလို ဂရုစိုက်သလိုလို စိတ်ပူသလိုလို အပြောတွေအောက်မှာ ကြည်နူးမှုတွေ ကျေနပ်မှုတွေ ရင်ခုန်မှုတွေနဲ့ ခံစားချက်တွေ ရောထွေးနေတော့တာလေ။တကယ်ပါ ကျွန်တော့်ကို ခံစားချက်မျိုးစုံ Hyung ပေးနိုင်တာပါ။စတိုခန်းက ၅ ထပ်မြောက်မှာ ကျွန်တော်တို့ရုံးခန်းက ၁၂ ထပ်။စက္ကန့်ပိုင်းလေးပါပဲ Hyung နဲ့အတူ နှစ်ယောက်ထဲရှိနေသည်ဆိုတဲ့ စိတ်က ကျွန်တော့် ရင်ကို အတိုင်းမသိကြည်နူးစေတယ်။ဒီအချိန်လေး ရပ်တန့်သွားစေချင်မိတဲ့ စိတ်တွေက တားမရဆီးမရ။Korea Drama တွေထဲကလို elevator ကြီးစက်ချို့ယွင်းပြီးရပ်သွားရင် သိပ်ကောင်းမှာပဲဗျာ။
YOU ARE READING
ချစ်တယ် Hyung ရယ်
RomanceDika yaoi fic လေးပါ အများကြီးကြိုးစားထားပါတယ် အားပေးပါအုံးနော် Jargii do