Save my heart

3.8K 262 2
                                    

မနက်ခင်းနေရောင်ရဲ့ကျီစယ်မှုနဲ့ သူနိုးလာခဲ့တယ် ဒီနေ့လည်း အရင်နေ့တွေအတိုင်း မထူးခြားပဲသာမန်ပါပဲ
ဟင် ဘယ်ဟုတ်မလဲ တစ်ခုခုထူးခြားနေတယ် သူအိပ်မှုန်စုံမွှား ဖြစ်နေတဲ့မျက်လုံးကို သေချာပွတ်ကြည့်လိုက်တော့ သူ့ကုတင်ခြေရင်းမှာ ငုတ်တုတ်ထိုင်နေတဲ့ကောင်လေးတစ်ယောက် သူ့ကိုနောက်ကျောပေးထားတယ် သူဘယ်သူလဲ ဘာလို့ငါ့အိမ်ထဲရောက်လာတာလဲ သူခိုးလား မဖြစ်နိုင်တာ သူခိုးဆိုရင်ခိုးပြီးပြေးမှာပေါ့ ဒီလိုထိုင်နေမလား ဒါ ဒါဆိုသရဲလား omma ရေ ကယ်ပါဦး အ့အချိန်ကောင်လေးကတဖြည်းဖြည်းလှည့်လာတယ် ဟင် သရဲကားထဲကလို ကြောက်စရာမျက်နှာကြီးဆိုဘယ်လိုလုပ်မလဲ
သူ့ဘက်ကိုတဖြည်းဖြည်း
လှည့်လာချိန်မှာတော့

အား!!!!!!!

ဟာ ဖြေးဖြေးအော်ပါကွ

သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ချောလိုက်တာ မနက်ခင်းရဲ့အလှကို သူ့ရဲ့အေးချမ်းနေတဲ့မျက်နှာလေးက ဖြည့်စွက်ပေးနေသလိုပဲ ဒီလောက်ချောတဲ့ ကောင်လေးရှိတယ်လား နတ်သားလေးအတိုင်းပါပဲလားကွာ

ဒီမှာ kim jong in ငါ့ကိုအ့လောက်ကြည့်မနေနဲ့

ဟိုကောင်လေး မျက်နှာထဲမှာမြောသွားတာ သူ့ခေါ်သံလေးကြားမှပဲ သတိပြန်ဝင်လာတော့တယ် အသံလေးကလည်း နားဝင်ချိုလိုက်တာ နေပါဦး သူကငါ့နာမည်ဘယ်လိုသိနေတာလဲ ဟင် သရဲလား သူအ့တော့မှစောင်ကိုသူ့ဘက်ဆွဲပြီး

jong in ; မင်း မင်းကဘယ်သူလဲ ငါ့နာမည်ကိုဘယ်လိုသိတာလဲ

ငါ့နာမည်က kyung soo မင်းနာမည်ကို ဘယ်လိုသိလဲဆိုတော့ ငါကangelမို့လို့

jong in သူ့နားသူမယုံနိုင် ဘာရယ် ဘာကြီး angelဟုတ်လား မဖြစ်နိုင်တာ ငါ့ကိုအရူးများထင်နေလားမသိဘူး

jong in; မင်းကangelဟုတ်လား မဖြစ်နိုင်တာ

kyung soo; ဘာလဲ မယုံဘူးလား ငါပြောပြမယ် မင်းက kim jong in အသက် 20  အလုပ်က photographer မင်းမှာ baekhyun ဆိုတဲ့အရမ်းခင်တဲ့ငယ်သူငယ်ချင်းရှိတယ် သူကdesinger
ဟုတ်တယ်နော် မင်းမိဘတွေက နိုင်ငံခြားမှာ မင်းက ဒီကိုဝါသနာပါတာလုပ်ဖို့ပြန်လာတာ
ok ယုံပြီလား

My Life ; My Dika One shot CollectionWhere stories live. Discover now