Sunset

3K 208 2
                                    


မျက်စိရှေ့ကစိမ်းပြာရောင်ပင်လယ်ပြင်ကြီးကို ဖြတ်သန်းတိုက်ခတ်လာတဲ့လေပြည်အေးလေးက သူ့မျက်နှာကိုလာရောက်ထိရိုက်နေသည် လေပြည်လေးတွေရဲ့ကျီစယ်မှုကသူ့ရဲ့ပုံစံသွင်းထားတဲ့ အညိုရောင်ဆံပင်တိုများကိုပုံစံ ပျက်စေသည် အပေါ်ကထပ်ဝတ်ထားသော ရှပ်အကျီင်္အနားစတွေကလဲတဖျတ်ဖျတ်လူးလွင့်လို့

kyungiee သား

ကျွန်တော့်နာမည်ခေါ်သံကြားတော့လှည့်ကြည့်မိလိုက်သည် ခပ်ဝေးဝေးက လာနေသော ommaကြောင့်ထိုင်နေတဲ့သောင်ပြင်ကနေထ
ရပ်လိုက်သည် ဘောင်းဘီမှာ ကပ်နေတဲ့ သဲလေးတွေကိုခါလိုက်ပြီး omma ဆီအပြေးသွားလိုက်သည်

kyung ; omma ဘာဖြစ်လို့လဲ

K's omma ; ဘာမှမဟုတ်ပါဘူး သားကိုမတွေ့လို့

kyung ; aww အေးကအေးနဲ့ သားပြန်လာမှာပေါ့

k's omma ; အပြင်ထွက်ပြီး လေညှင်းခံချင်လို့ပါ သားရယ်

omma ကိုတွဲပြီး ဘေးနားကကျောက်တုံး တခု
ပေါ်ကို တူတူထိုင်ချလိုက်သည် omma ကခပ်ဝေးဝေးကိုပြုံးကာငေးနေသည်

kyung ; omma ဘာတွေသဘောကျနေတာလဲ

k's omma ; အရင်ကသားနဲ့ဒီမှာဆော့တာပြန်တွေးမိလို့ပါ

ommaစကားကြောင့် ငယ်ငယ်ကအဖြစ်တွေ
ကမှတ်ဉာဏ်ထဲအလိုလို
ပြန်ရောက်လာတာနဲ့ kyung soo မျက်နှာ
ပေါ်မှာ လှပတဲ့အပြုံးတပွင့်ပေါ်လာသည်

kyung ; inn သားတို့အများကြီးဆော့ခဲ့တာပဲ
သဲတွေနဲ့ ရဲတိုက်ဆောက်လိုက်
ကားပုံလုပ်လိုက်နဲ့

k's omma ; ဟား ဟား ဟုတ်ပ အ့တုန်းက jong in ပါလာဆော့သေးတယ်လေ

jong in ဆိုတဲ့အသံကြောင့် kyung soo ရုတ်တရက်တွေ သွားတယ် kim jong in သူ့သူငယ်ချင်းပေါ့ ငယ်ငယ်ထဲက အမြဲတတွဲတွဲနဲ့ဆော့အတူစားအတူ 7နှစ်အရွယ်လောက်မှာ jong in တို့က seoul
ကိုပြောင်းသွားတယ်လေ ခုဆို သူဘာတွေများလုပ်နေမလဲ မတွေ့ရတာ 12 နှစ်ရှိနေပြီ

k's omma ; သား jong in ကိုသတိရသွားတာလား

kyung ; inn မတွေ့ရတာကြာပြီလေ

k's omma ; ခုဆို သူလည်း 18 နှစ်ရှိပြီပေါ့ omma ကတော့ငယ်ငယ်တုန်းကပုံလေး
ပဲမှတ်မိတယ် ကြီးလာတော့ တခါမှမမြင်ဖူးဘူး

My Life ; My Dika One shot CollectionWhere stories live. Discover now