The Guest ( part 1 )

2.3K 189 12
                                    

တစ်​ခြမ်း​ကွေးလ​ရောင်​နဲ့ ကြယ်​​ပျောက်​​လေး​တွေရဲ့ အလင်း​ရောင်​ ကသာ ​​ကောင်းကင်​ထက်​ မှာ မင်းမူ​နေသည်​  ညဉ့်​ငှက်​​အော်​သံနဲ့ တစီစီကြား ​နေရတဲ့ အ​ကောင်င​ယ်​​လေး​တွေရဲ့ ​အော်​သံက ပတ်​ဝန်းကျင်​ကို ကြီးစိုး​နေသည်​  တဖွဲဖွဲကျ​နေတဲ့ နှင်းစက်​ငယ်​​တွေ သစ်​ရွက်​​ပေါ် တ​ပေါက်​​ပေါက်​ ကျ​နေသံ ကြားရ​လောက်​​အောင် တိတ်​ဆိတ်​လွန်း​နေသည်

ထိုအရာများက ည​အ​တော်​အတန်​နက်​​နေပြီကို သက်​​သေပြ​နေ​လေသည်​ လမ်း​ဘေးနာရီစင်​က ​ဒေါင်​ခနဲ မြည်​သံ​ကြောင့်​ နား​နေတဲ့ ငှက်ေ​တွ လန့်​ပြီး တဖျတ်​ဖျတ်​ ပျံေ​ပြးသွားကြသည်
အ​ရာအားလုံးကို jong in ရဲ့ ပြတင်း​ပေါက်​ငယ်​ ​လေးကတဆင့်​ မြင်​​တွေ့​နေရသည်​ ခန်းဆီး လိုက်​ကာစကို အသာချလိုက်​ပြီး မီး​သေစပြု​နေ တဲ့ မီးလင်းဖိုကို မီးစာထပ်​ထည့်​လိုက်​သည်

မနက်​ဖြန်​ ​ကျောင်းမှာ တင်​​ပေးရမယ့်​ assignment အတွက်​ အခုလို အိပ်​​ရေးပျက်​ခံ​နေရခြင်းပင်​ ဖြစ်​သည်​ ဒီ​နေ့မနက်​က sehun​ခေါ်တဲ့​နောက်​ မလိုက်​သွားဘူး ဆိုရင်​ မြန်​မြန်​ ပြီး​နေ​လောက်​ပြီ ​တခု​တော့​ကောင်းသည်​ assignment အေ​ကြာင်းအရာ​က လွယ်​​လို့ သာ ​ခုနကမှ ပြီးသွားသည်​ လှပစွာ ကခုန်​​နေတဲ့ မီး​တောက်​​တွေကို ကြည့်​ပြီး အ​တွေးထဲ​မျော​နေ မိသည်

"​ဒေါက်​ ​ဒေါက်​ "

ရုတ်​တရက်​ ကြားလိုက်​ရတဲ့ တံခါး​ခေါက်​သံ​​ ​ကြောင့်​ မီး​တောက်​အရိပ်​​တွေ ထင်​ဟပ်​​နေတဲ့ jong in မျက်​လုံးညိုညိုတို့က အညို​ရောင်​သစ်​ သားတံခါးဆီ ​ရောက်​သွားသည်​ နံရံက တိုင်​ကပ်​နာရီက လက်​တံ​တွေကလည်း 12:00 အတိကို ညွှန်​ပြ​နေသည်​ နားကြားမှားတာလား ?

" ​ဒေါက်​ ​ဒေါက်​ ​"

ဟော ​ထပ်​ကြားရပြန်​ပြီ ​နောက်​တစ်​​ခေါက်​ထပ်​ ကြားလိုက်​ရ​တော့ နားကြားမှားတာ မဟုတ်​မှန်း ​သေချာသွားသည်​ ဒီအချိန်​ကြီး သူ့အိမ်​ဘယ်​သူလာဖူးလို့လဲ အ​တွေးနဲ့ အတူ တံခါးဆီ​ရောက်​သွားသည်

My Life ; My Dika One shot CollectionWhere stories live. Discover now