Chicken Crazy

2.5K 236 31
                                    

အောက်​ကို ငုံ့ကြည့်​လိုက်​တာ ​ခေါင်း​တောင်​မူး သွားသည်​ သူဒီ​ပေါ်ကို ဘယ်​လိုတက်​လာမိပါ လိမ့်​ ? သူတက်​ခွထားတဲ့ သစ်​ကိုင်းကို လက်​နှစ်​ဖက်​နဲ့ပိုက်​ ​ခြေ​ထောက်​နှစ်​​ချောင်း လိမ်​ချိတ်​ ကာ မလွတ်​တမ်း ဖက်​တွယ်​ထားမိသည်

" kim jong in ချက်​ချင်းဆင်း​လာစမ်း "

ခေါင်းကို ပြတ်​ထွက်​မတတ်​ ခါပြပြီး သစ်​ကိုင်းကို ပိုတင်း​နေ​အောင်​ ဖက်​ထားလိုက်​သည်​ ​ကိုယ်​​သေမှာ သိ​နေတာကို ဆင်းစရာလား ?

" ​အေး မင်းဆင်းမလာနဲ့ ရတယ်​ ငါသစ်​ပင်​​အောက်​က ထိုင်​​စောင့်​​နေမှာ "

Appa ကို တကယ်​နားမလည်​ဘူး ​ပြောရမယ်​ ဆိုရင်​ appa က ကြက်​ချစ်​သူကြီး​လေ ..... တကယ် ထူးဆန်းပါ့ ဘယ် Entertainment သူဌေးက ကြက်မွေးတာ ကြားဘူးလဲ !! ဟွန်း အမြဲတမ်း သူ့ကြက်တွေကို သနေတာ … ကျွန် တော်တို့ အိမ်ကို လူတွေက သဘောကျ ကျတယ် အိမ်ကြီးကလှတယ်ပေါ့ ခြံလည်းကျယ် တယ် ဒါပေမယ့် အိမ်နောက်ကို သွားကြည့်လိုက် appa အချစ်တော်တွေကို အုပ်စုလိုက် တွေ့ရပါလိမ့်မယ်

တကယ်ပါ Entertainment က Idol တွေ ကိုတောင် သူ့ကြက်တွေလောက် တန်ဖိုးမထား ဘူး အစည်းဝေးလုပ်နေရင်းတောင် ကြက်တွေ တစ်ခုခု ဖြစ်ပြီ ဆိုတာနဲ့ ချက်ချင်း အိမ်ပြန်လာ တာ … ကျွန်တော်ကတော့ အိမ်ကိုသိက္ခာချတဲ့ ကြက်တွေကို မုန်းတယ်ဗျာ

ကံကောင်းတာလား ကံဆိုးတာလား မသိတဲ့ တစ်ခုက ကျွန်တော်က appa နဲ့ တူလို့လား မသိ … chicken ကို အရမ်း crazy ဖြစ်တာ appa လိုတော့ အလှထိုင်ကြည့်နေတာ မဟုတ် ဘူး လျှာပေါ်က အရသာလေးကို crazy ဖြစ်တာ … korea က ရှိသမျှ ကြက်ကြော်ဆိုင် တွေလည်း စားဖူးတယ် ဒါပေမယ့် appa ကြက် တွေကိုတော့ လုံးဝမမှီဘူး

appa က သူ့ကြက်တွေကို ပိုးမွေးသလို သေချာ ဂရုတစိုက်ထားတာဆိုတော့ ကြက်တွေ က ကျန်းမာပြီး ဝဖြိုးနေတာပဲ သူတို့အရသာဆို တာကလည်း လျှာပေါ်မှာ စွဲသွားတာ ကျွန်တော် က appa ကြက်တွေကို စားချင်လို့ စားတာ မဟုတ်ပါဘူး အိမ်ကို သိက္ခာချတာ ကြည့်မရလို့ စားလိုက်တာ … အ့တာကို အခု appa က သိသွားပြီးတော့ သစ်ပင်အောက်မှာ ထိုင်စောင့် နေတယ်

My Life ; My Dika One shot CollectionWhere stories live. Discover now