ဘယ်ကနေ ဘယ်လို စပြောရမလဲ ဆိုတော့လေ ကျွန်တော့် ဘေးအိမ်ကို ရူးကြောင်ကြောင် အိမ်နီးချင်း တစ်ယောက် စပြောင်းလာတဲ့ အချိန်က စတာပါပဲ
ကျွန်တော့်က တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်း ကျင်ကို နှစ်သက်တဲ့သူ ... အလုပ်ကလည်း ပန်းချီဆရာဆိုတော့ ဒီလို ဆိတ်ငြိမ်တဲ့ ရပ်ကွက် လေးက အကောင်းဆုံးပဲဗျ တစ်နေ့ တစ်နေ့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေး လုပ်လိုက် ညာဘက်အိမ်က အဘိုးနဲ့ စကားတွေ သွားပြော လိုက် နဲ့ တကယ့်ကို အေးအေးဆေးဆေးပဲ
ကျွန်တော်ပြောင်းပြီး တစ်ပတ်လောက် ကြာတော့ ဘေးအိမ်က အဘိုးက သူ့သားခေါ် လို့ America ကို ပြောင်းသွားတယ် ဟူး ဘယ်လို လူတွေ ထပ်ပြောင်းလာဦးမလဲ မသိဘူး
•~•~•~•~•~•
" ဒုန်း ဒုန်း ဒုန်း "
အမုန်းဆုံးပဲ အိပ်ရေးပျက်တာကို အမုန်းဆုံးပဲ နာရီကြည့်လိုက်တော့ မနက် 5:30 ပဲရှိသေး တယ် ဘယ်လို အလိုက်ကမ်းဆိုး မသိတဲ့သူက အချိန်မတော် တဒုန်းဒုန်း လုပ်နေရတာလဲ တကယ်ပဲ ဟွာများလုပ်နေကြသလား ? အသံကို သေချာနားထောင်ကြည့်တော့ ညာဘက်အိမ်က လာတာ .... အသစ်ပြောင်း လာတဲ့ သူတွေပဲ ဖြစ်ရမယ် စိတ်တိုတိုနဲ့ အနွေး ထည်တစ်ထည် ထပ်ဝတ်ပြီး ဟိုအိမ်ရှေ့ကို သွားပြီး တံခါးခေါက်လိုက်တယ်
" ဘယ်သူလဲ မသိဘူး "
ထွက်လာတာက ပုပုသေးသေး ကောင်လေး တစ်ယောက် .. tsk ! ကလေးနဲ့ စကားမပြော ချင်ပါဘူး
" ကလေး မင်းမိဘတွေကို သွားခေါ်လိုက် "
ဟောဗျာ ပြူးကြောင်ကြောင်လေးနဲ့ ရပ်ကြည့်နေတယ် ဒီကလေးကတော့ လူကြီးကို မခန့်လေးစားနဲ့
" ဘယ်သူ့ကို ကလေးလို့ ခေါ်နေတာလဲ "
" မင်းကိုလေ "
" ငါ ကလေး မဟုတ်ဘူး ပြီးတော့ ငါ့မှာ နာမည်ရှိတယ် Do kyung Soo "
ဟက် ဟက် ကလေးက ကလေးလို့ ပြောတာ မကြိုက်ဖူးတဲ့ စကားပြောတာ အထက်စီးလေသံနဲ့ သူ့မိဘတွေ ဘယ်လိုသင်ထားလဲ မသိ ဘူး