Bygone

2.1K 189 4
                                    

မနက်ရောက်တော့ reception က ph ဆက်နှိုး မှုကြောင့် နိုးလာသည် ညက အတွေးများနေ တာနဲ့ တော်တော် နောက်ကျ အိပ်ပျော်သွား
တယ် နိုးလာတော့ ခေါင်းတွေမူးနေတယ် သူ
အခုတလော တော်တော်ချူချာနေတာပဲ

မဆီမဆိုင် အရင်တုန်းကလို ဆိုရင် jong in သူ့ကို ဂရုစိုက်ပေးဦးမှာပဲ လို့ တွေးမိလိုက်သေး တယ် မျက်နှာသစ်ပြီး breakfast စားနေလိုက် တယ် ph ကိုစစ်နေရင်းနဲ့ suho hyung ဆီက message ရောက်လာတယ် မနက်ပိုင်း practice ရှိတာပဲ မြန်မြန်စားပြီး tennis-court ဆီကိုထွက်လာခဲ့သည်

မျက်နှာချင်းဆိုင်က လျှောက်လာတဲ့ jong in
ကို တွေ့တော့ ခြေလှမ်းတွေက တုံ့ခနဲရပ်သွား သည် သူ့ကို မြင်တာနဲ့ ကျောက်ဆူးချထား သလို လုံးဝမလှုပ်တဲ့ ခြေထောက်တွေကိုသာ အပြစ်တင်နေမိသည် သူ့ကို တချက်မကြည့်ပဲ ဘေးနားက ဘာမှမဖြစ်သလို ဖြတ်သွားတဲ့ jong in ကြောင့် မျက်ရည်လည်ရ ပြန်ပြီ ဘာဖြစ်နေတာလဲ Do kyung soo သူမသိ
သလိုနေသွားတာကို လိုချင်ခဲ့တာပဲလေ အခုမှ ဘာဖြစ်နေပြန်ပြီလဲ အတွေးတွေကို ခေါင်းရမ်း ထုတ်လိုက်ပြီး tennis court ထဲကိုသာ ဝင်
လာခဲ့သည်

ဘောလုံးနဲ့ racket နဲ့ ထိရိုက်သံက အခန်း
တွင်း ကြီးစိုးသွားသည် စိတ်ရှိလက်ရှိ အားကုန် လွှဲရိုက်နေပေမယ့် စိတ်က တခြားရောက်နေ တော့ လေ့ကျင့်ရတာ သိပ်ထိရောက်မှု မရှိ ...

" kyung soo နေမကောင်းဘူးလား "

suho hyung အမေးကို ခေါင်းခါပြလိုက်ပြီး ရေဖွင့်သောက်လိုက်သည် racket ကို ကိုင်ပြီး ထွက်လာမယ့် tennis ball တွေကို ရိုက်ဖို့ အသင့်အနေအထား ပြင်လိုက်သည်

" မင်းဖြူဖပ်ဖြူရော် ဖြစ်နေတယ် နားလိုက်ပါ လား "

" ဟိုတစ်နေ့ကလည်း နားတယ်လေ ပြိုင်ပွဲနီး
နေပြီ ဆက်နားလို့ မဖြစ်တော့ဘူး "

စက်ထဲက ကန်ထွက်လာတဲ့ ဘောလုံးကို ရိုက် လိုက်ပြီး hyung အပြောကို ငြင်းလိုက်သည်
ဒီတစ်ခေါက်တော့ စိတ်တွေ တခြားမပျံ့အောင် အာရုံစူးစိုက်လိုက်သည် tennis ball ထွက်လာ မယ့် စက်ကို ကြည့်နေတဲ့ အမြင်အာရုံတွေ ဝေ
ဝါးလာသည် သေချာပြန်ကြည့်လိုက်ပေမယ့် တဖြည်းဖြည်း ပိုဝါးလာသည် ခေါင်းထဲကပါ အုံခဲ
ပြီး တဆစ်ဆစ် ကိုက်လာတော့ racket ကိုပစ် ချလိုက်မိသည်

My Life ; My Dika One shot CollectionWhere stories live. Discover now