Dear Santa

1.8K 146 0
                                    

တချွင်ချွင်မြည်နေတဲ့ သာယာတဲ့ခေါင်းလောင်းသံလေးတွေ ...

မျက်နှာချင်းဆိုင် လမ်းတဖက်က Bella Cafe ထဲကနေ တံခါးတွန်းဖွင့်ကာ ရယ်မောပီးထွက်လာတဲ့ကလေးတွေ .. ဆိုင်ထဲဝင်သွားတဲ့ ဆယ်ကျော်သက် ကျောင်းသားစုံတွဲလေးတွေ .. နို့နံ့သင်းသင်း ကော်ဖီဆိုင်လေး ..

လမ်းမပေါ်မှာChristmasဆုတောင်းသီချင်း ကိုသီဆိုနေကြတဲ့ သံပြိုင်အဖွဲ့ ...

ဖြတ်သွားဖြတ်လာ လူအားလုံးရဲ့မျက်နှာပေါ် မှာ တောက်ပတဲ့အပြုံးလေးတွေ ကိုယ်စီနဲ့ ...

စုံလို့ပါပဲ သူဘောင်ခတ်ပီးမြင်နေရတဲ့ လောကကြီးက အရင်ကနဲ့မတူ ပျင်းခြောက်ခြောက် မဟုတ်ပဲ ပျော်စရာကောင်း နေတာ ... ဘောင်ခတ်ပီး မြင်တယ်ဆိုလို့ တမျိုးမထင်ပါနဲ့ နေ့တိုင်း ဒီလေးထောင်ဘောင်ခတ်ထားတဲ့နေရာကနေပဲ မြင်နေရတာ

" hello kyungsoo "

နာမည်ခေါ်သံကြားလို့ နောက်ကိုလှည့်ကြည့် လိုက်တော့ ကျွန်တော့်ကိုချိုသာစွာပြုံးပြနေတဲ့ Min Hye noona ကိုတွေ့လိုက်ရသည် သူမကို ပြန်ပြုံးပြလိုက်တော့ ခေါင်းညိမ့်ပြပြီး အနားကိုလျှောက်လာသည်

" Christmas Decoration လုပ်နေတာ လား kyungsoo "

အ့တော့မှ နံရံပေါ်မှာကပ်နေတဲ့ sticker တွေ ဆွဲလက်စပန်းချီတွေကို တချက်ကြည့်ပီးပြုံးမိ သည်

" onn Christmas ရောက်ခံနီးပီလေ"

ပြောရင်းမျက်လုံးက ပြတင်းပေါက်စီ ကိုအကြည့်တွေရောက်သွားပြန်သည် ခုနကလို ပဲ အရောင်အသွေးစုံနေတဲ့ လောကကြီးရဲ့ အလှအပထဲ နှစ်မြောသွားမိပြန်ပီ ကျွန်တော် နောက်ကျောပေးထားပေမယ့် Min Hye noona ရဲ့ အကြည့်တွေကို ခံစားမိနေသည်

" ဘာလာလုပ်တာလဲ noona "

သူမအကြည့်တွေရဲ့ အဓိပ္ပာယ်ကို သိနေတာမို့ တမင်စကားလမ်းကြောင်းလွှဲလိုက်သည်

" ခါတိုင်းလိုပေါ့ ပီးတော့ kyungsoo အတွက် လက်ဆောင်ပါတယ်"

နောက်မှာဖွက်ထားတဲ့ လက်ဆောင်ဘူးလေး ကိုလက်ထဲမှာလှုပ်ခါပြရင်း ရယ်ပြနေတဲ့ သူမကြောင့် ကျွန်တော်အားနာမိသွားသည်

My Life ; My Dika One shot CollectionWhere stories live. Discover now