Don't drive me out anymore

2.6K 202 8
                                    

နေရောင် ဖျော့ဖျော့လေးက အခန်းကျဉ်းလေး ထဲ ထိုးကျနေသည် အခန်းထဲက စားပွဲလေးမှာ အလိုမကျဟန် ဖြစ်နေတဲ့ ကောင်လေးတစ်ယောက် … နားရွက်ကြားမှာ ဘောပင်ညှပ်ထား ပြီး သူ့ရှေ့မှာလည်း သတင်းစာ စာရွက်တွေက ပြန့်ကျဲလို့ …

" ဟူး ငါဒီတစ်သက် အလုပ်ရပါ့မလား "

အညိုရောင် မျက်ဝန်းတွေက အလုပ်ခေါ် စာမှာ ကစားနေရင်း တစ်နေရာ အရောက်မှာ ရပ်တန့် သွားသည်

" ကလေးထိန်းလား ? "

မဖြစ်သေးပါဘူး သူက ကလေးတွေနဲ့ အဆင် ပြေတာ မဟုတ်ဘူး ဒါပေမယ့် လစာက အများ ကြီး aww ချမ်းသာတဲ့ လူတွေကျတော့လည်း ကလေးထိန်းဖို့ အတွက် ပိုက်ဆံကို ဖောဖောသီ သီ သုံးနေကြပါလား ငါနဲ့တော့ တခြားဆီ …

" ကျန်တဲ့အလုပ်တွေက ပညာအရည်အချင်း ကြည့်တယ် ဒီ ကလေးထိန်းက ဘာမှ မလိုဘူး ငါလျှောက်လိုက်ရမလား "

ဘောပင်ကို လက်ထဲမှာ လှည့်ပတ်ဆော့ကစား နေရင်း တွေးနေသည် အ့အချိန် သူ့ဗိုက်ထဲက အချက်ပြလာသည် အေးလေ ကလေးထိန်းတာ ဘာခက်မှာ မို့လို့လဲ ? သူဆုံးဖြတ်ချက် ချပြီး တာနဲ့ အလုပ်ခေါ်စာ အောက်က ပေးထားတဲ့ ဆက်သွယ်ရမယ့် ph no ကို ခေါ်လိုက်သည်

" hello "

ဟိုဘက်က ကြားလိုက်ရတာ ယောင်္ကျားလေး အသံ ဆိုတော့ သူph no ကို ပြန်ကြည့်လိုက်သည် အင်း ကလေးအဖေ ဖြစ်မှာပေါ့

" hello ကလေးထိန်း အလိုရှိတယ် ဆိုလို့ပါ ခင်ဗျ "

" ဟင် မင်းက ယောင်္ကျားလေး လား ? "

" nae ဘယ်အချိန်တွေ့ကြမလဲ "

" မင်း ဘယ်အချိန် အားလဲ "

အမြဲတမ်း အားနေတယ် လို့ပြောလိုက်ပြန် ရင် လည်း သူ့ကို အထင်သေးသွားမယ် ထင်တယ်

" ကျွန်တော်က ကိစ္စမရှိပါဘူး Mr. အဆင်ပြေ မယ့် အချိန် ချိန်းလိုက်ပါ "

" aww ဒီနေ့ အားရင် ညနေ 6:00 လောက် Lucky one Hotel ကို လာခဲ့လေ "

" nae ဘာတွေ ယူခဲ့ရမလဲ "

" မလိုပါဘူး လူပဲလာခဲ့ပါ "

" nae "

ph ချပြီးတာနဲ့ ဆာနေတဲ့ သူ့ဗိုက်ကို ခေါက်ဆွဲ ပြုတ်နဲ့ ဖြည့်လိုက်သည် ညနေ 6:00 မှဆိုတော့ 3:00 လိုသေးတယ် ငါဘာတွေပြင်ဆင်ရမလဲ
သူက ဘာမှမလိုဘူးလို့ ပြောထားတာပဲ ဒါပေမယ့် အကျီင်္လေးတော့ သပ်သပ်ရပ်ရပ် ဝတ်သွားမှ …

My Life ; My Dika One shot CollectionWhere stories live. Discover now