Is He my boyfriend ?

2.7K 219 2
                                    

night stand ပေါ်က နာရီကို ကြည့်လိုက်
တော့ 11:00 P.M …

မျက်စိရှေ့က laptop screen ကို ကြည့်နေ
တာ တော်တော်ကြာနေပြီ လက်ချောင်းလေး
တွေက စားပွဲခုံပေါ်မှာ ဆော့ကစားနေသည်
screen မှာ ပေါ်နေတဲ့ list ထဲက ထိပ်ဆုံးမှာ
မီးစိမ်းလေး လင်းသွားတာ မြင်တာနဲ့ နှုတ်ခမ်း
က အလိုလို ပြုံးသွားတယ်

" hi soo 💕"

သူပို့လိုက်​တဲ့ စာ​ကြောင်း seen ဖြစ်​သွားတာ
နဲ့ ချက်​ချင်း reply ပြန်​​ရောက်​လာတယ်

" hi nini 💕 မအိပ်​​သေးဘူးလား ? "

" nope ! ကိုယ့်​ နှလုံးသား​လေး ကို ​စောင့်​​နေ
တာ 😉 "

" 💓  "

အသည်းပုံတစ်ခုပဲ ပြန်ပို့တဲ့ soo ကြောင့် ရယ် လိုက်တယ် ချစ်ဖို့ကောင်းချက်

" ဘာမှ မပြောတော့ဘူးလား ? soo "

" ဘာပြောရမှာလဲ "

" ဟင် ကိုယ်ဒီချိန်ထိ မအိပ်ပဲ စောင့်နေတာ ပြောစရာမရှိဘူးလား ? "

" အ့တာဆို nini အကြောင်းပြောလေ "

ဘေးက ကော်ဖီတစ်ငုံ သောက်လိုက်ပြီး စားပွဲ
ပေါ် ပြန်တင်လိုက်သည်

" အမြဲတမ်း ကိုယ့်အကြောင်းပဲ ပြောနေရတာ ဘာမှပြောစရာ မကျန်တော့ဘူးလေ ဒီတစ်ခါ soo အကြောင်းပြော "

seen ဖြစ်နေပြီ ခဏအထိ reply မပြန်သေး တစ်နေရာ သွားနေတာလား

" ဘာလို့ သိချင်တာလဲ nini ? "

" ကိုယ့် ချစ်သူအကြောင်းပဲ သိချင်တာပေါ့ "

" နောက်တော့ ပြောပြမှာပေါ့ "

လက်ကျန်ကော်ဖီကို မော့သောက်လိုက်ရင်း စိတ်အလိုမကျ ဖြစ်လာသည် ဘာလို့လဲ ? သူ့အကြောင်း မေးလိုက်ရင် ဒီလိုပဲ ပြောနေ
တယ် အစကတော့ aww မပြောချင်သေးလို့
ဖြစ်မယ်လို့ တွေးထားပေမယ့် ခုတော့မေးမှ ဖြစ်
တော့ မယ်

" ဘယ်ချိန်လဲ ? ဘယ်တော့လဲ ? ဘယ်ထိ ထပ်
စောင့်ရမှာလဲ ဒါလေးတောင် မပြောပြနိုင်ဘူး
လား "

" nini ….."

" ဘာလဲ ကိုယ့် ချစ်သူ အကြောင်းတောင် သိခွင့်
မရှိဘူးလား တခြားဟာမပြောနဲ့ birthday တောင် မသိရဘူး  soo ကိုယ့်ကို အပျော်ကစား နေတာလား ? "

My Life ; My Dika One shot CollectionWhere stories live. Discover now