My Kim Pabo JongIn

2.8K 201 0
                                    

Ok ......

ဒါဘယ်လိုအခြေအနေကြီးလဲ ...

မျက်တောင် တောင်ခတ်မိရဲ့လားမသိ ....

"umm.. အဟမ်း"

တမင်ချောင်းဟန့်သံပေးလိုက်မှ နောက်ဆုတ် သွားသည် ဘုရားရေ ရင်တွေခုန်နေတာလဲ ပေါက်ကွဲမတတ်ပဲ စိတ်ထိန်းစမ်း Do Kyung Soo

" sry hyung"

တောင်းပန်သံခပ်တိုးတိုးထွက်လာတော့လဲ အားနာမိသွားပြန်သည်

"ရပါတယ် နောက်တခါသာဒီလိုမဖြစ်စေနဲ့"

ခေါင်းတစ်ချက်ညိမ့်ပြရင်း အ့နေရာကမြန်မြန် ထွက်လာခဲ့သည် အရင်နေ့တွေကလို ကျောင်းကိုလမ်းလျှောက်လာတုန်း သစ်ပင်နောက်ကနေ ရုတ်တရက်ကြီးထွက် လာပြီး kyungsoo ကိုအနီးကပ်သေချာလာ စိုက်ကြည့်နေတဲ့ သူစိမ်းကောင်လေးကြောင့် သူ့မနက်ခင်းအချိန်က ထူးခြားမှုဖြစ်သွားသည်

အ့ကောင်လေးကဘာလဲ ထူးဆန်းလိုက်တာ တခါမှမသိတဲ့လူတစ်ယောက်ကို အ့လိုလာ ကြည့်နေစရာလား ဒုက္ခပေးမယ့်သူလား? Ahh အရူးများလား? အတွေးနဲ့အတူ လန့်လာတာမို့ နောက်ကိုခဏခဏလှည့်ကြည့် ရင်း ခပ်သွက်သွက်လျှောက်သွားလိုက်သည်

"hyung ခဏနေဦး"

ဟင် ခုနကအရူးပဲမလား အား!ဘာလို့နောက် ကလိုက်လာတာလဲ

"Ya မလာနဲ့ ဆွဲထိုးမှာနော်"

သူမြန်မြန်လျှောက်ရင် ဟိုအရူးကလဲမြန်မြန် လျှောက်လေ

"hyung!"

"လိုက်မလာနဲ့ သွားတော့ !"

ဘာလို့ပြေးလာတာလဲ!? သူ့နောက်ကိုပြေး လိုက်လာတာမြင်တော့ ကြောက်အားလန့်အား နဲ့ခြေကုန်သုတ်ပီးပြေးတော့သည်

" OMMA!!!! အရူးလိုက်နေတယ်!!! သားကိုကယ်ပါဦး"

ဘေးမှာဘယ်လိုမှ ရုတ်တရက်ပေါ်မလာနိုင်တဲ့ အမေကိုသာ တ ရင်းကျောင်းဝန်းထဲပြေးဝင်မိ သည် .. အရူးကကျောင်းထဲတော့မလိုက်လာ နိုင်ပါဘူး အစောင့်တွေရှိတယ် လုံခြုံသွားပီဆို တဲ့အသိနဲ့အတူ hallway ရောက်မှ ဒူးပေါ်လက်ထောက်ပီးအမောဖြေနေရသည်

"yo kyungsoo hyung"

အလိုက်မသိ ကျောကုန်းကိုလာရိုက်တဲ့ oh sehun ကိုနားရင်းတစ်ချက်အုပ်ပေးလိုက် သည် မောနေတဲ့လူကိုသေစေချင်နေတာ ....

My Life ; My Dika One shot CollectionWhere stories live. Discover now