လေချွန်သံတစ်ခုက သူ့နှုတ်ခမ်းပါးထက်ကနေ
ခပ်လွှင့်လွှင့် ခုန်ဆင်းကျနေသည်...။
နားထောင်ကောင်းသည်ထက် ခြောက်ခြားစရာကောင်း
နေသည်ဟုဆိုလျှင် ပိုမှန်လိမ့်မည်ထင်သည်...။
ဒန်းကို ခပ်လျော့လျော့မှီထိုင်နေရင်း...သူ့အကြည့်တွေ
က...ခြံထောင့်က သစ်စိမ်းပင်လေးကို တစိုက်မတ်မတ်
ကြည့်နေမိ၏...။
ဖိနပ်ဦးထိပ်ဖျားနဲ့ ထိခတ်မိတဲ့ မြေမှုန်စတွေက
အရှေ့ပိုင်းတည့်တည့်ကို ဖွာခနဲလွှင့်လွှင့်ထွက်ကုန်
သည်...။
ညနေခင်း၏ နေရောင်ခြည်က မျက်နှာပေါ်ကိုဘေးတစောင်း ကျရောက်နေတော့...
သူ့ပုံရိပ်ကို ကြည့်ရသည်မှာ...
ပန်းချီကားတစ်ချပ်နှယ်...။ရှေ့နောက် လွှဲနေသော ဒန်းကလေး ရုတ်ခြည်းရပ်တန့်
သွားသလို...ထွက်ပေါ်နေသော လေချွန်သံလည်း
တိခနဲရပ်သွားသည်...။ထို့နောက်...
မျက်နှာကို မော့လှန်လိုက်ကာ....
သူ....အားပါးတရ ကျယ်ကျယ်လောင်လောင်ရယ်မော
မိလိုက်ပါသည်...။♣ အသွင်ပြောင်းဖဲချပ် ♣
ကျွန်တော်.....လက်ထဲကပုံးကို မြေပြင်ပေါ်ခဏချ
လိုက်ရင်း...ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်မိ
သည်...။ အိမ်က အဒေါ် ဘယ်ကဲ့သို့သောရည်ရွယ်
ချက်နဲ့ အခုလို တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ
လာနေထိုင်ရသည်မသိ...။
လမ်းမကြီးနဲ့လည်း တော်တော်ဝေးတဲ့အထိ
သွားရသေးသည်...။ ပြီးတော့...လမ်းလေးထဲမှာ
ရှိသည့် တခြားအိမ်များကလည်း...တစ်အိမ်နှင့်
တစ်အိမ် အနည်းငယ်ကွာဝေးနေသည်ချည်း...။
နီးကပ်သည်ဆိုလို့ မျက်စောင်းထိုးက အိမ်သာရှိမည်။" Chanyeol....ဘာလုပ်နေတာလဲ...
ဝင်လာခဲ့တော့လေ... "အိမ်ထဲကနေ လှမ်းအော်လာသော အန်တီ့အသံ
ကြောင့်...ကျွန်တော် ယောက်ျားလေးတန်မဲ့ မျက်စောင်းထိုးလိုက်မိသည်...။
အပျိုကြီးလို့ မပြောရဘူး...တကယ် ပွစိပွစိကိုနိုင်တယ်။
ŞİMDİ OKUDUĞUN
---အသွင်ပြောင်း ဖဲချပ်--- (Completed)
Romantizmလူတွေ သတ်မှတ်ထားတဲ့ စိတ္တဇဆန်ဆန်အချစ်မျိုးနဲ့ ငါ...ချစ်ကြည့်ချင်လို့ပါ...