အသွင်​​ပြောင်း ဖဲချပ်​---15

5.2K 716 63
                                    

ရာသီဥတုအ​ခြေအ​နေကို အတိအကျကြီး မခန့်​မှန်းနိုင်
သော်​ငြား...သာယာ​နေမည်​ဟု​တော့ အနီးစပ်​ဆုံး ကျွန်​​တော်​သုံးသပ်​နိုင်​သည်​...။
နိုးထလျှင်​နိုးထခြင်းက ပြတင်း​ပေါက်​မှသဲ့ဝင်​​နေ​သော
နေ​ရောင်​ခြည်​နုနုကို မြင်​ခဲ့လိုက်​ရသည်​​ကြောင့်​ပင်​။

ထိုသို့ ရာသီဥတုသာယာ​နေ​သော​နေ့က သူ၏ စိတ်​တစ်​ပိုင်းတစ်​စကို မြင်​​တွေ့ခဲ့ရသကဲ့သို့... ... ...
သူ့ရှိရာဆီသို့လည်း ​ခြေလှမ်းတစ်​လှမ်းတိုးသွားမိခဲ့​လေ
သည်​။

" ဖက်​ထုပ်​ပြုတ်​စားမှာဆို​တော့ ​ရေခဲ​သေတ္တာ​အောက်
ဆုံးထဲက ဖက်​ထုပ်​အထုပ်​​လေးကိုယူခဲ့​ပေးလိုက်​ "

နေ့ခင်းစာအတွက်​ပြင်​ဆင်​​နေချိန်​တွင်​ ကျွန်​​တော်
သိသိသာသာပင်​ အလုပ်​များ​နေခဲ့သည်​။
သူ့ရှိရာဆီလှည့်​ကြည့်​ရင်း ​စေခိုင်းလိုက်​မိသည့်​နည်းတူ
ရေ​နွေးအိုးခလုတ်​ကိုလည်း တစ်​ဆက်​တည်းလှမ်းဖွင့်
လိုက်​မိသည်​... ... ...။

ထိုင်​ခုံတွင်​ ကြာရှည်​စွာထိုင်​​နေခဲ့​သောBaekhyun
က ကျွန်​​တော့်​စကား​အောက်​တွင်​ သွက်​လက်​စွာ
ထလာခဲ့​လေသည်​။ ​ကျေးဇူးတင်​စရာ​တော့​ကောင်း
သည်​။ ကျွန်​​တော့်​​စေခိုင်းမှုအားလုံးကို မညည်းမညူ
အကုန်​လုပ်​​ပေးတတ်​​သော သူက အပြုံးတစ်​ချက်​ပင်
မပျက်​... ... ...။

" ​ဆော့စ်​​ရော​ရှိလား? "

" မင်း​ခေါင်း​ပေါ်က ဘီရို​လေးထဲမှာရှိတယ်​၊
ဘူးနီ​လေးနဲ့ "

သူလက်​ညှိုးညွှန်​ပြလာသည့်​ ဘီရို​တံခါး​လေးကိုဆွဲဖွင့်
လိုက်​ပါ​တော့ တစ်​ဘူးတည်းရှိ​နေပါ​သော ​ဆော့စ်​ဘူး
လေး...။ တစ်​ဘူး​လေးတည်းရှိသည်​ကို အ​ထွေအထူး
လုပ်​ပြီး ဘာ​ကြောင့်​များ သီးသန့်​ထားရှိ​နေသည်​မသိ။

နားမလည်​နိုင်​​သောအပြုအမူ​ကြောင့်​ ​ခေါင်းတစ်​ချက်​ခါ
ယမ်းလိုက်​ရင်း... ​ဆော့စ်​ဘူးရှိရာဆီလက်​လှမ်းလိုက်
သည်​။ ဘူး​လေးကို ကိုင်​မိလျှင်​ကိုင်​မိခြင်းမှာပင်​...
ရေ​ငွေ့မှုတ်​သံ​သေး​သေး​လေးနှင့်​အတူ ​အချက်​​ပေးလာ
သော ​ရေ​နွေးအိုး​လေး...။
Baekhyunကို အကူအညီ​တောင်းရန်​လှမ်းကြည့်​မိ
ပါ​တော့... များများစားစားမရှိ​သောအထုပ်​တွေကြား
ဖက်​ထုပ်​အထုပ်​ကို အားကြိုးမာန်​တက်​ရှာ​နေသည်​ကို
တွေ့လိုက်​ရသည်​။ ဖက်​ထုပ်​ထုပ်​ကိုမြင်​​ရောမြင်​ဖူးရဲ့လား
မသိ... ... ...။

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Dove le storie prendono vita. Scoprilo ora