အသွင်​​ပြောင်း ဖဲချပ်​---16

5.8K 714 183
                                    

နင့်​နင့်​သည်းသည်းချစ်​လာမိတဲ့​နောက်​ပိုင်း
ရူးရူးမိုက်​မိုက်​ ဆု​တောင်းမိလာတာတစ်​ခုရှိတယ်​...
ထိုလူသား
ကိုယ့်​အတွက်​မှမဟုတ်​လျှင်
တခြားဘယ်​သူ့အတွက်​မှ
အသက်​မရှင်​ပါ​စေနဲ့လို့... ... ...။

                  ♣ အသွင်​​ပြောင်းဖဲချပ်​ ♣

" ငါ့ကို နည်းနည်းပါးပါး​လေး​တောင်​ မချစ်​ဘူးလား "

သူ ထိုကဲ့သို့​မေးလာသည့်​အချိန်​တိုင်း ​ဖြေရခက်​စွာ
ကျွန်​​တော်​ အမြဲဆွံ့အ​နေမိခဲ့သည်​...။
အ​ဖြေလုံးဝမရှိတာမဟုတ်​...အ​ဖြေလုံးဝမသိတာမျိုးပါ။
ကျွန်​​တော်​ကိုယ်​တိုင်​ အ​ဖြေရှာမရခဲ့​သောပုစ္ဆာတစ်​ပုဒ်
အတွက်​ တစ်​ပါးသူ​မေးမြန်းလာမှ ​ဖြေဆိုရတာမျိုးကို
ကျွန်​​တော်​ နည်းနည်း​လေးမျှပင်​ မနှစ်​သက်​။

သာမန်​အ​ပေါ်ယံခံစားချက်​​သေး​သေး​လေး​တွေကို
အ​ခြေပြုပြီး ချစ်​တယ်​ဆိုတဲ့သတ်​မှတ်​ချက်​တစ်​ခုကို
သတ်​မှတ်​လိုက်​ဖို့ရာအထိ ချစ်​ခြင်းတရားက
ထို​လောက်​မ​သေးသိမ်​ဟု​တော့ ထင်​သည်​ပဲ...။
နှလုံးသားထဲက ခိုင်​မာ​နေ​သောခံစားချက်​တစ်​ချို့က
ကျွန်​​တော့်​စဉ်းစားဥာဏ်​စွမ်းအားကို လွှမ်းမိုးသွားနိုင်
သည်​အထိ ဖြစ်​တည်​လာပါမှ...ထိုခံစားချက်​ကို
အချစ်​ဟုသတ်​မှတ်​လိုက်​ပါမည်​။

ခပ်​​သေး​သေးခံစားချက်​တစ်​ချို့...ဥပမာ...
သူ ပြုလုပ်​လိုက်​တဲ့အပြုအမူ​လေးတစ်​ခုကို သ​ဘောကျ
ပြီး ပြုံးလိုက်​မိတာမျိုး...၊
သူ နာကျင်​မှာစိုးရိမ်​လို့ ကာကွယ်​​ပေးလိုက်​မိတာမျိုး၊
နောက်​... ... ...
မ​မြင်​ရတာကြာရင်​ သတိရ​အောက်​​မေ့လာမိတာမျိုး...
ထိုကဲ့သို့ အစရှိတဲ့ခံစားချက်​​တွေကိုသာ အချစ်​လို့
ပြီးစလွယ်​သတ်​မှတ်​လိုက်​မယ်​ဆိုရင်​... ... ...
ဟုတ်​တယ်​...ကျွန်​​တော်​ Baekhyunကိုချစ်​​နေမိပါ
ပြီ။
ခက်​တာက...ကျွန်​​တော်​က ချစ်​ခြင်းတရားကို ထိုကဲသို့သတ်​မှတ်​ထားတာမျိုးမှမဟုတ်​တာပဲ...။

ချစ်​ခြင်းတရားကို ​လေး​လေးနက်​နက်​​တွေး​တောထားသူ
မို့... ရှားရှားပါးပါး​မွေးဖွားလာတဲ့ ချစ်​ခြင်းတရား
အတွက်​လည်း သက်​ဆုံးတိုင်​အထိ ကိုးကွယ်​သစ္စာရှိ​နေ
မယ်​လို့ ဆုံးဖြတ်​ထားပြီးသား။
ထို့​ကြောင့်​လည်း... သူ​မေးလာ​သောထို​မေးခွန်း
အတွက်​ ယခုထက်​တိုင်​ ကျွန်​​တော့်မှာ​အ​ဖြေမရှိ​သေး။

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Where stories live. Discover now