အသွင်​​ပြောင်း ဖဲချပ်​--- 9

6.1K 759 20
                                    

နောက်​ကျိကျိ​ခေါင်းက အဆမတန်​သတိ​ပေး​နေ​သော
ကြောင့်​ပဲလားမသိ...သတိရရလာခြင်း ​​ခေါင်း​နောက်
ပိုင်းက ​သေမတတ်​နာကျင်​​နေသည်​...။
လက်​နဲ့ ​ခေါင်းကိုကိုင်​လိုက်​မိ​တော့မှ ဦးဆုံးသတိထား
လိုက်​မိတာက လက်​​ကောက်​ဝတ်​က ​အေးစက်​စက်
အရာတစ်​ခု...။

" လက်​ထိပ်​? "

Chanyeol ခပ်​တိုးတိုး​ရေရွတ်​လိုက်​မိသည်​...။
လှဲအိပ်​​နေ​သော ကုတင်​​ခေါင်းရင်းတိုင်​နှင့်​ လက်​ကို
ခတ်​ထားခြင်း​ကြောင့်​... အလွန်​ဆုံးလက်​လှုပ်​ရှားနိုင်​မှု
က လက်​တစ်​​ဖြောင့်​စာအကွာအ​ဝေး​တောင်​မရှိ...။

ပြန်​စဉ်းစား​တော့ အဖြစ်​အပျက်​​တွေက ​ခေါင်းထဲကို
အစီအရီပြန်​တိုးဝင်​လာသည်​...။
Baekhyun...သူ့ကို ဖမ်းထားခဲ့ပြီပဲ...။
အ​တွေးတစ်​ချက်​နဲ့ ရုတ်​ခြည်းထထိုင်​လိုက်​မိ​တော့...
ခေါင်းက ရိပ်​ခနဲပြန်​မူးသွားသလို လက်​က ဆစ်​ခနဲနာ
သွားသည်​...။ ခပ်​ဆဆရုန်းကြည့်​မိသည့်​တိုင်​ ပြုတ်​သွားနိုင်​​ချေမရှိ​သော လက်​ထိပ်​အ​ခြေအ​နေ
ကြောင့်​... ​ခြေ​ထောက်​နှစ်​ဖက်​ကို ကုတင်​​ပေါ်ကချ
လိုက်​ရင်း ကျန်​လက်​တစ်​ဖက်​နှင့်​သာ ​နားထင်​ကိုဖိ
ထောက်​ကာ ​ရောက်​​နေ​သော အခန်းအ​ခြေအ​နေကို
အကဲခတ်​ကြည့်​လိုက်​မိသည်​...။

သာမန်​အခန်းတစ်​ခန်းပါပဲ... ရုပ်​ရှင်​​တွေထဲက​တွေ့​နေ
ရ​သော စိတ္တဇဆန်​ဆန်​ မှုန်​မှိုင်းမှိုင်းအခန်းတစ်​ခန်း
မဟုတ်​...။ ဘာပန်းချီကားမှလည်း အခန်းနံရံ​ပေါ်ရှိ
မ​နေ...၊ ဘာအဝတ်​ဖြူ​တွေနှင့်​မှလည်း ပစ္စည်း​တွေကို
အုပ်​ကာထားခြင်းမရှိ... ... ...။
သာမန်​လူတစ်​​ယောက်​၏ အခန်းလိုမျိုး သန့်​ရှင်းသပ်
ရပ်​လွန်း​နေသည်​...၊ တစ်​ခုပဲ...အနံ့အသက်​...
ရ​နေ​သော အနံ့အသက်​က ​ခြောက်​ခြားစရာ​ကောင်းစွာ
အေးစက်​လွန်း​နေသည်​...။

ခါးကို အနည်းငယ်​​စောင်းထားရင်း မတ်​တပ်​ထရပ်​လိုက်
သည်​...။ မြင်​​နေရ​သော ပြတင်း​ပေါက်​ဆီသွားဖို့
ကြိုးစားကြည့်​မိသည့်​တိုင်​...လက်​ထိပ်​နှင့်​ ကုတင်​​ခေါင်း
ရင်းသံတိုင်​ထိခတ်​​နေသံကသာ သူ့ကြိုးစားမှု၏
ရလဒ်​တစ်​ခုအဖြစ်​ အခန်းထဲ ထွက်​​ပေါ်​နေသည်​...။

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Where stories live. Discover now