အသွင်​​ပြောင်း ဖဲချပ်​---5

6.4K 778 28
                                    

" အဆင်​​ပြေရဲ့လား Chanyeol... "

မေးခွန်းတစ်​ခုနှင့်​အတူ ​ရှေ့ကို ​ခြေတစ်​လှမ်းတိုးလာ
သော သူ့ပုံစံ​ကြောင့်​...ကျွန်​​တော်​ ​ကြောက်​လန့်​တကြား
နောက်​ကို ဆုတ်​လိုက်​မိသည်​...။
ကျွန်​​တော့်​ရဲ့ အခုအပြုအမူက ရိုင်းစိုင်းလွန်းလှတာ
သိ​သော်​ငြား တဒင်္ဂအတွင်းမှာဖြစ်​​ပေါ်သွားတဲ့
ကျွန်​​တော့်​​ကြောက်​လန့်​ခြင်း​တွေကို ကျွန်​​တော်​မထိန်း
ချုပ်​လိုက်​နိုင်​...။

" ရ​တယ်​... "

သူ့အကြည့်​​​တွေကို ရင်​မဆိုင်​ရဲစွာ လွှဲဖယ်​လိုက်​ရင်း
ခပ်​ပြ​တ်​ပြတ်​​ဆိုလိုက်​မိ​တော့ သူ့ထံမှ သက်​ပြင်းချသံ
ထွက်​လာသည်​...။ ​နောက်​ အံ့အားသင့်​စရာ​ကောင်းစွာ
သူ ရယ်​၏...။
တိုး​တိုး​လေးဆို​ပေမယ့်​ နာကျင်​ခြင်းတရား​တွေ​ပျော်​ဝင်
နေတဲ့ရယ်​သံတစ်​ခုဆိုတာ ခံစားရရုံနှင့်​ သိသာလွန်းလှ
သည်​...။

ကျွန်​​တော်​ ​မော့ကြည့်​လိုက်​​တော့...သူ ကျွန်​​တော့်​ကို
ကြည့်​မ​နေ...။
သူ့ဖိနပ်​​ခြေဦးထိပ်​ကိုသာ ခပ်​​တွေ​တွေစိုက်​ကြည့်​​နေ
သည်​...။

ထို့​နောက်​ ထူးဆန်း​သော အဖြစ်​အပျက်​တစ်​ခုဖြစ်​ပျက်
သွားသည်​...။

သူ...Byun Baekhyun မျက်​ရည်​ကျသည်​...။

မျက်​လုံးက​နေ ​တောက်​​လျှောက်​စီးကျလာ​သော
မျက်​ရည်​စီး​ကြောင်းက...ပါးပြင်​တစ်​​လျှောက်​ ရပ်​တန့်
ခြင်းမရှိ...။
အလျင်​အမြန်​ မျက်​ရည်​စီး​ကြောင်းကို လက်​ခုံနှင့်​ပွတ်
သုတ်​ဖယ်​လိုက်​​သော သူ့သဏ္ဍာန်​က သူငိုတာကို
ကျွန်​​တော့်​ကို မမြင်​​စေလိုဟန်​...ပြီး​တော့ သူ့မျက်​ရည်
တွေကို သူကိုယ်​တိုင်​လည်း ထိန်းချုပ်​လိုက်​နိုင်​ခြင်းမရှိ
သည့်​ဟန်​...။

" Byun Baekhyun... "

အားနာသံလိုလို ကျွန်​​တော်​ ​ခေါ်လိုက်​မိ​တော့...
သူ ကျွန်​​တော့်​ကိုလှမ်းကြည့်​လာရင်း နွမ်းလျစွာပြုံးပြ
၏...။

" မင်း ငါ့ကို​ကြောက်​​နေတာမလား Chanyeol... "

မှန်​​နေတဲ့စကားမို့ အထူးတလည်​​ဆင်​​ခြေမ​ပေးချင်
တော့ပါ...။

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Where stories live. Discover now