အသွင်​​ပြောင်း ဖဲချပ်​---13

5.4K 666 117
                                    

" ဒီပုံနဲ့ ဒီပုံ ဘယ်​ပုံပိုမိုက်​လဲ? "

" ဘယ်​ပုံမှမမိုက်​ဘူး "

သူ​မေးသမျှ​မေးခွန်းတိုင်းကို ကန့်​လန့်​တိုက်​​ဖြေ​နေမိ
သည်​မှာ သူ...ကျွန်​​တော့်​ကို​မေးခွန်း​စ​မေးသည့်​အချိန်
ကတည်းမှ...။
တစ်​ခါတစ်​​လေ​တော့လည်း ထိုBaekhyunဆို​သော
လူသားက မသိချင်​​ယောင်​​ဆောင်​သည့်​​နေရာတွင်
အင်​မတန်​ကိုထူးချွန်​သည်​ထင်​ရသည်​။
ကျွန်​​တော်​နှင့်​သူ၏ လတ်​တ​လောဆက်​ဆံ​ရေးက
သူ​ယူလာ​သော ရှုခင်းပုံ​တွေကို ဘယ်​ပုံပိုသက်​ဝင်​သည်
ဆိုတာ ကူ​ရွေးချယ်​​ပေးရမည့်​အ​ခြေအ​နေမဟုတ်​တာကို
သိလျက်​နှင့်​ မသိဟန်​​ဆောင်​​နေသည်​က...
အံ့သြစရာလည်း​ကောင်းသည်​...၊ တစ်​ပြိုင်​နက်​တည်းမှာ
ပဲ ခံပြင်းစရာလည်း​ကောင်း​နေပြန်​သည်​။
လူကို ခံရခက်​​အောင်​လုပ်​​သော​နေရာမှာ ဘယ်​​လောက်
တော်​​သောအ​ကောင်​​ပေါက်​​လေးပါလိမ့်​... ... ...။

" ဒီပုံဆိုရင်​​ရော? "

" မင်းယူလာတဲ့ပုံ​တွေ ဘယ်​ပုံမှမလှဘူး...
အေး...​နောက်​ယူလာမယ့်​ပုံ​တွေလည်းမလှဘူး... "

ယတိပြတ်​​ဖြေချလိုက်​ရင်းသာ ကျွန်​​တော်​မျက်​နှာလွှဲ
လိုက်​သည်​။ သ​ဘောတကျရယ်​သံ​လေးက ကျွန်​​တော့်
နောက်​​ကျောဘက်​ဆီမှ​နေ ထွက်​လာ၏...။
ကျွန်​​တော်​ အကန်​​တွေချည်း​ပြော​နေသည်​ကိုပင်
သူ့မှာ တမြတ်​တနိုးဖြစ်​​နေသည့်​သဏ္ဌာန်​...။

ဓာတ်​ပုံ​တွေသိမ်းယူသွား​သောအသံကို ကြားလိုက်​ရ
တော့... ကျွန်​​တော့်​ဆီမှ ထင်​မြင်​ယူဆချက်​​တွေကို
ယူဖို့ထပ်​မကြိုးစား​တော့ဘူးဆိုတာ အလိုလိုသိလိုက်​ရ
၏...။ သူ ထိုကဲ့သို့အ​လျှော့​ပေးလာ​သောအခါမျိုးတွင်
လည်း ကျွန်​​တော့်​မှာစိတ်​တိုရပြန်​သည်​။
သူ့စိတ်​သ​ဘောအတိုင်းပြုမူလျှင်​လည်း စိတ်​တိုမိပြန်
သည်​။ ကြာလျှင်​...သွက်​သွက်​ခါရူးမည့်​သူက
ကျွန်​​တော်​ပင်​ဖြစ်​မည်​ထင်​၏... ... ...။

" ​တောင်းပန်​ပါတယ်​ "

မထင်​မှတ်​ထား​သောစကားတစ်​ခွန်း​ကြောင့်​...
လွှဲထား​သောကျွန်​​တော့်​မျက်​နှာ သူ့ဆီ ချက်​ချင်းပြန်
လှည့်​မိသွားသည်​။ လက်​ရှိနှင့်​မသက်​ဆိုင်​​သော
စကားတို့ကို နိဒါန်းပင်​မပျိုးပဲ ဆိုတတ်​သည်​က
သူ့အကျင့်​ပင်​ဖြစ်​​နေ​လေသလား...။

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Where stories live. Discover now