အသွင်​​ပြောင်း ဖဲချပ်​...12

5.5K 676 24
                                    

ပြင်​ပပတ်​ဝန်းကျင်​၏ လှုပ်​ရှားမှုတို့ကို သူ မမြင်​​တွေ့ခဲ့ ရသည်​မှာ ဘယ်​နှစ်​ရက်​ရှိပြီမှန်း ​သေချာမသိ​တော့...။ ရက်​သတ္တပတ်​တို့​ကျော်​လွန်​ခဲ့သည်​ကို
တစ်​​နေ့တစ်​ကြိမ်​ထွက်​လာ​သော ​နေမင်းက​နေတဆင့်
သိ​နေရ​သော်​ငြား...ကြာလာသည့်​အခါ သူ့ဦး​နှောက်
ကိုယ်​တိုင်​ ​နေ့ရက်​တို့ကို​ရေတွက်​မှတ်​မိရမှာ ပျင်းရိလာ
သည်​ထင်​... ... ...၊ တစ်​ပတ်​တိတိပြည့်​​သော​နေ့မှစ၍
စတင်​မ​ရေတွက်​ခဲ့​တော့...။
ရင်းနှီး​နေကျ​ နေ့ရက်​မှတ်​နည်းတစ်​ခုလို နံရံ​ပေါ်တွင်
အ​ချောင်း​လေး​တွေခြစ်​ပြီး​တော့လည်း မှတ်​မ​နေချင်​။
သူ့အဖြစ်​က ရယ်​​တော့ရယ်​ရသား...မျက်​​စောင်းထိုး
အ​နေအထားနှင့်​ အဖမ်းခံ​နေရသည်​ဟု မည်​သူက
ထင်​မှတ်​မည်​တဲ့လဲ...။ အကွာအ​ဝေးအကျယ်​ကြီး
တစ်​ခုအထိ ​ရောက်​ရှိ​နေသည်​မဟုတ်​ဘဲ လှမ်းကြည့်
လျှင်​ပင်​ မြင်​​နေရ​သော အ​နေအထားတစ်​ခုမှာ အကျယ်
ချုပ်​သ​ဘောကျ​ရောက်​​နေသည်​တဲ့...။ ထို့ထက်​ပိုရယ်
စရာ​ကောင်းသည်​က အိမ်​ကိုလာစစ်​​ဆေးသည့်​သူ​တွေ
ရောက်​လာသည့်​တိုင်​ လွတ်​​မြောက်​ဖို့မကြိုးစားနိုင်​လိုက်
သည့်​အဖြစ်​... ... ...။ ထို့အပြင်​ ​နောက်​တစ်​ကြိမ်​ထွက်
မ​ပြေး​တော့ပါဘူးဟု​တောင်​ ကတိတစ်​ခုအဆစ်​​ပေး
လိုက်​ရ​သေးသည်​။
Tsk... သူ့အဖြစ်​က​တော့...။

" ဘာ​တွေ​တွေးပြီး စိတ်​ရှုပ်​​နေတာလဲ "

အ​တွေးထဲက စိတ်​ပျက်​ခြင်းတစ်​ချို့က သူ မသိလိုက်
ခင်​မှာပင်​ နှုတ်​ခမ်းထက်​မှ အသံတစ်​ခုအဖြစ်​ခုန်​ဆင်း
ကျသွားသည်​ထင်​...။
အခန်းထဲကိုဝင်​လာ​သောBaekhyunဆီမှ အ​မေး
စကားတစ်​ခွန်း​ကြောင့်​...သူ့အ​တွေး​တွေ အခန်း​လေး
ထဲကိုပြန်​​ရောက်​ရှိလာသည်​။

" သိပ်​မုန်းဖို့​ကောင်းတဲ့​ကောင်​​လေးတစ်​​ယောက်
အ​ကြောင်း​​တွေးပြီးစိတ်​ပျက်​​နေတာ... "

" ငါ့အ​ကြောင်းလား...? "

အ​ဖြေသိလျက်​နှင့်​​မေးလာ​သောBaekhyunမျက်​နှာ
ထက်​မှာ ဟန်​ကျကျအပြုံးတစ်​ခုက ခိုတွဲလို့...။
လက်​ညှိုး​လေးနှင့်​​တောင်​ သူ့ရင်​ဘတ်​သူထိုးပြီး
ခေါင်းငြိမ့်​လိုက်​စမ်းပါ​လေဟု ​ပြော​နေသ​ယောင်​...။

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Where stories live. Discover now