အသွင်​​ပြောင်း ဖဲချပ်​---1

21.5K 1.2K 37
                                    

လေချွန်​သံတစ်​ခုက သူ့နှုတ်​ခမ်းပါးထက်​က​နေ
ခပ်​လွှင့်​လွှင့်​ ခုန်​ဆင်းကျ​နေသည်​...။
နား​ထောင်​​ကောင်းသည်​ထက်​ ​ခြောက်​ခြားစရာ​ကောင်း
နေသည်​ဟုဆိုလျှင်​ ပိုမှန်​လိမ့်​မည်​ထင်​သည်​...။
ဒန်းကို ခပ်​​လျော့​လျော့မှီထိုင်​​နေရင်း...သူ့အကြည့်​​တွေ
က...ခြံ​ထောင့်​က သစ်​စိမ်းပင်​​လေးကို တစိုက်​မတ်​မတ်
ကြည့်​​နေမိ၏...။
ဖိနပ်​ဦးထိပ်​ဖျားနဲ့ ထိခတ်​မိတဲ့ ​မြေမှုန်​စ​တွေက
အ​ရှေ့ပိုင်းတည့်​တည့်​ကို ဖွာခနဲလွှင့်​လွှင့်​ထွက်​ကုန်
သည်​...။
ည​နေခင်း၏ ​နေ​ရောင်​ခြည်​က မျက်​နှာ​ပေါ်ကို​ဘေးတ​စောင်း ကျ​ရောက်​​နေ​တော့...
သူ့ပုံရိပ်​ကို ကြည့်​ရသည်​မှာ...
ပန်းချီကားတစ်​ချပ်​နှယ်​...။

ရှေ့​နောက်​ လွှဲနေ​သော ဒန်းက​လေး ရုတ်​ခြည်းရပ်​တန့်
သွားသလို...ထွက်​​ပေါ်​နေ​သော ​လေချွန်​သံ​လည်း
တိခနဲရပ်​သွားသည်​...။

ထို့​နောက်​...
မျက်​နှာကို ​မော့လှန်​လိုက်​ကာ....
သူ....အားပါးတရ ကျယ်​ကျယ်​​လောင်​​လောင်​ရယ်​​မော
မိလိုက်​ပါသည်​...။

                  ♣ အသွင်​​ပြောင်းဖဲချပ်​ ♣

ကျွန်​​တော်​.....လက်​ထဲကပုံးကို ​မြေပြင်​​ပေါ်ခဏချ
လိုက်​ရင်း...ပတ်​၀န်းကျင်​ကို အကဲခတ်​ကြည့်​လိုက်​မိ
သည်​...။ အိမ်​က အ​ဒေါ် ဘယ်​ကဲ့သို့​သောရည်​ရွယ်
ချက်​နဲ့ အခုလို တိတ်​ဆိတ်​​နေတဲ့ ပတ်​၀န်းကျင်​မှာ
လာ​နေထိုင်​ရသည်​မသိ...။
လမ်းမကြီးနဲ့လည်း ​တော်​​တော်​​ဝေးတဲ့အထိ
သွားရ​သေးသည်​...။ ပြီး​တော့...လမ်း​လေးထဲမှာ
ရှိသည့်​ တခြားအိမ်​များကလည်း...တစ်​အိမ်​နှင့်
တစ်​အိမ်​ ​အနည်းငယ်​ကွာ​ဝေး​နေသည်​ချည်း...။
နီးကပ်​သည်​ဆိုလို့ မျက်​​စောင်းထိုးက အိမ်​သာရှိမည်​။

" Chanyeol....ဘာလုပ်​​နေတာလဲ...
ဝင်​လာခဲ့​တော့​လေ... "

အိမ်​ထဲက​နေ လှမ်း​အော်​လာ​သော အန်​တီ့အသံ
ကြောင့်​...ကျွန်​​တော်​ ​ယောက်ျား​လေးတန်​မဲ့ မျက်​​စောင်းထိုးလိုက်​မိသည်​...။
အပျိုကြီးလို့ မ​ပြောရဘူး...တကယ်​ ပွစိပွစိကိုနိုင်​တယ်​။

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Where stories live. Discover now