ခြောက်ကပ်ကပ်ရယ်သံတစ်ခုက သိုးသဲ့သဲ့ထွက်ပေါ်
နေသည်...။ ဆက်တိုက်ရယ်နေတာမျိုးလည်းမဟုတ်ဘဲ
တစ်ခါရယ်လိုက်...ကြားထဲမှာ ရှိုက်လိုက်လုပ်နေတာ
မျိုး...။အသံလာရာဆီကို ကျွန်တော် လျှောက်နေမိ၏...။
ဘယ်ဆီဘယ်ဝယ်မှန်းမသိသော်ငြား အသံကိုတော့
ကြားနေရသေးသည်မဟုတ်ပါလား...။အမှောင်ရိပ်ကျိုးတိုးကျဲတဲအောက်မှာ ကျွန်တော့်အရိပ်
တစ်ခုတည်းကသာ သစ်ရွက်ခြောက်တွေအပေါ်မှာ
ပြန့်ကျဲနေ၏...။ တစ်ချက်တစ်ချက် တိမ်မည်းတွေ
အောက်ကနေ ထွက်ပေါ်လာသော လမင်းအလင်း
ရောင်က ပတ်ဝန်းကျင်ကို မြင်ရစေနိုင်တဲ့အထိတော့
ကျွန်တော့်ကို ကူညီပေးနေဆဲပင်...။ရုတ်ခြည်းဆိုသလို တိတ်ဆိတ်သွားပါသော ရယ်သံ...
ဒီလိုသာ ရပ်သွားရင် ခက်ရပါချေရဲ့...
အခု ကျွန်တော်က ရယ်သံကို ထောက်ထားပြီး လိုက်လာခဲ့တာလေ...။ရယ်သံကိုသာ မကြားရတော့ရင်
ကျွန်တော် ဘာကို မျှော်မှန်းပြီး လိုက်ရမည်မသိ...။သစ်ပင် ပင်စည်ထက်တွင် ထင်ဟပ်နေသော
ကျွန်တော့်အရိပ်မည်းကို ကြည့်နေရင်း သက်ပြင်းချ
လိုက်မိသည်...။ အရိပ်ကအစ စိတ်ပျက်အားလျော့
နေသည့်ပုံပေါက်နေတာတော့ သိပ်မဟုတ်သေး...။ထိုအခိုက်... ... ...
" ဟင်??? "
သတိထားလိုက်မိသောအရာတစ်ခု...။
ကျွန်တော့်အရိပ်ထင်ဟပ်နေသော သစ်ပင်၏ နောက်
ဘက် သစ်ပင်ပေါ်တွင် တည်ရှိနေပါသော အရိပ်
တစ်ခု...။ကျွန်တော့်အရိပ်တော့ လားလားမျှ မဖြစ်နိုင်ပါ...။
နောက်က အရိပ်က ကျွန်တော့်ထက် ပိုလူကောင်သေး
မည့်ပုံပေါ်နေသည်...။
သေချာအောင်...ကျွန်တော့်လက်ကို မသိမသာလှုပ်
ကြည့်တော့...ထိုအရိပ်က လိုက်လှုပ်မလာ...။
ဒါဆို...ကျွန်တော့်နောက်မှာ တစ်စုံတစ်ယောက်ရောက်
နေပြီဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့...။
YOU ARE READING
---အသွင်ပြောင်း ဖဲချပ်--- (Completed)
רומנטיקהလူတွေ သတ်မှတ်ထားတဲ့ စိတ္တဇဆန်ဆန်အချစ်မျိုးနဲ့ ငါ...ချစ်ကြည့်ချင်လို့ပါ...