အသွင်​​ပြောင်း ဖဲချပ်​---7

6K 781 30
                                    

" Chanyeol မျက်​နှာမ​ကောင်းပါလား ဘာလို့လဲ "

ခြံတံခါး​နားက ထွက်​​ပေါ်လာ​သော ​မေးခွန်းတစ်​ခု
ကြောင့်​ အမျိုးအမည်​မသိ​သော အပင်​​လေးတစ်​ပင်​ကို
ထိုင်​ကြည့်​​နေမိရာက​နေ ကျွန်​​တော့်​အသိ​တွေ လက်​ရှိ
ပစ္စုန်​ပ္ပန်​ကိုပြန်​​ရောက်​လာသည်​...။
ရင်းနှီး​နေမိပြီဖြစ်​​သော မျက်​နှာ​လေးက သိချင်​စိတ်​ပြင်း
ပြ​နေတယ့်​ မျက်​ဝန်း​လေးတစ်​စုံကို ​ဆောင်​ကျဉ်းလို့။

" Baekhyun ပါလား...ဘယ်​သွားမလို့လဲ "

ထိုင်​ရာက​နေ ထရပ်​လိုက်​ရင်း အပြုံးတစ်​ခုနှင့်​အတူ
သူ့ထံပါး​လျှောက်​သွားလိုက်​​တော့...Baekhyunက
သူနှင့်​တဖြည်းဖြည်းနီးကပ်​လာ​နေ​သော ကျွန်​​တော့်
ခြေလှမ်း​တွေကို ​ရေတွက်​​နေရင်း ပြုံး​ယောင်​သမ်းလို့။

" ဘယ်​မှမသွားပါဘူး...
Chanyeol ကို ငါ ကြည့်​​နေတာကြာပြီ...
စိတ်​ညစ်​​နေသလို အကြာကြီးထိုင်​​နေလို့ လာ​မေးကြည့်
တာ... "

ရိုးသားလွန်း​သော သူ့အ​ဖြေအတွက်​ ကျွန်​​တော်​အသံ
ထွက်​ရယ်​လိုက်​မိသည်​...။ ကျွန်​​တော့်​ကို ဂရုတစိုက်​ရှိ
နေ​ပေးတာ ​ကျေးဇူးတင်​စရာ​ကောင်းလွန်း​နေသည်​ပဲ
လေ... ... ...။
ခြံတံခါး​ဘောင်​​ပေါ် လက်​တစ်​ဖက်​တင်​လိုက်​ရင်း
ကျွန်​​တော်​ ​ခေါင်း​လေး​စောင်းလိုက်​ကာ...

" အို့...သိပ်​ချစ်​ဖို့​ကောင်းတဲ့ အိမ်​နီးချင်း​လေးပဲ...
ဂရုစိုက်​ခြင်း​တွေကို တကူးတကလာ​ပေးတယ်​... "

ဒီတစ်​ကြိမ်​​တော့ သူ အသံထွက်​ရယ်​လာရင်း...

" ဂရုစိုက်​ခြင်းမဟုတ်​ပါဘူး​နော်​...
ကြင်​နာခြင်း​တွေပါ... "

ရယ်​စရာတစ်​ခုအ​နေနှင့်​ ကျွန်​​တော်​တို့နှစ်​​ယောက်​လုံး
ပြိုင်​တူရယ်​လိုက်​မိကြပြန်​သည်​...။
Baekhyunက ခြံတံခါးအနီးကို ​ခြေတစ်​လှမ်းပိုတိုး
ကပ်​လိုက်​ရင်း... ... ...

" အခွင့်​ရှိရင်​ Chanyeol ဘာကိုစိတ်​ညစ်​​နေတယ်
ဆိုတာ ငါ့ကို သိခွင့်​​ပေးနိုင်​မလား... "

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Where stories live. Discover now