အသွင်​​ပြောင်း ဖဲချပ်​---11

5.9K 719 38
                                    

သတိနှင့်​ချဉ်းကပ်​လာ​သော​ခြေလှမ်းတို့က အသံထွက်
ပေါ်လာရာ အ​နောက်​ဖက်​အခန်းတစ်​ခန်းစီကို
ဦးတည်​လာခဲ့သည်​...။ အသက်​ရှူသံညှင်းညှင်းထွက်
နေ​သော Byun Baekhyun ကိုယ်​တိုင်​သည်
လည်း Lee Gwan​နောက်​က​နေ ကပ်​လျက်​ပါလာ
ခဲ့၏... ... ...။

ပတ်​ဝန်းကျင်​ကိုတစ်​ဖန်​ပြန်​အကဲခတ်​လိုက်​ရင်း
အခန်းတံခါးကို ဆတ်​ခနဲဖွင့်​ဝင်​လိုက်​သည်​...။

" ဒါက... "

" Hyung! "

ပြန့်​ကျဲ​နေ​သော စာအုပ်​အထပ်​​လိုက်​​တွေကြား
မှုန်​ကုပ်​​နေ​သောမျက်​ခုံးတစ်​စုံနှင့်​ စာအုပ်​​တွေကိုကြည့်
နေပါ​သော လူတစ်​​ယောက်​... ... ...။
Baekhyun နှုတ်​ခမ်းဖျားမှ hyungဟု​ခေါ်သံ
ထွက်​လာပုံ​ထောက်​... Byun Baek Myong
ဖြစ်​ပုံ​ပေါ်သည်​...။ ယခုမှ အိပ်​ရာကနိုးလာ​သောသူ
တစ်​​ယောက်​လို ဆံပင်​စုတ်​ဖွားနှင့်​ နီးစပ်​ရာ စာအုပ်
တွေကို လက်​တစ်​ဖက်​ကစုကိုင်​ရင်း မတ်​တပ်​ထရပ်​လာ
သည်​...။

" hyung...ဒါက... "

" ဒါ ဘာစာအုပ်​​တွေလဲ Baekhyun!!!
မင်းကို ဒီလိုစာအုပ်​​တွေမဖတ်​ပါနဲ့လို့​ပြောထားတာကို
ဘယ်​နှစ်​​ကြိမ်​​လောက်​​ပြော​နေရမှာလဲ!!! "

အပြစ်​ကြီးတစ်​ခုလုပ်​ထားသကဲ့သို့ Baekhyun
မျက်​နှာ​လေးငုံ့ကျသွားသည်​...။ ​ဒေါသတကြီးကြည့်​​နေ
သောhyungဖြစ်​သူ၏ အကြည့်​​တွေကို ရင်​မဆိုင်​ရဲ
သည့်​သဏ္ဌာန်​မျိုး... ... ...။
သနားစရာ​ကောင်း​သော Baekhyunကိုတစ်​လှည့်
Baek Myong လက်​ထဲကစာအုပ်​​တွေကို
တစ်​လှည့်​ကြည့်​​နေရင်း...စိတ်​ဆိုးမှုတစ်​ခု၏ အ​ကြောင်း
ရင်းကို Lee Gwan အ​ဖြေရှာ​နေမိသည်​။
အတန်​ငယ်​ကွာ​ဝေး​သော အ​နေအထားတစ်​ခု​ကြောင့်
စာအုပ်​အမျိုးအစားကို သိနိုင်​ရန်​ခက်​ခဲ​နေ၏... ... ...။

" မင်းဒီလိုစာအုပ်​​တွေကို ကြပ်​ကြပ်​ဖတ်​...
မင်းကို ပတ်​ဝန်းကျင်​က အရူးတစ်​​ယောက်​လိုပိုထင်​လာ
ကြမှာပဲ!!! "

လက်​ထဲကစာအုပ်​များကို ​ခြေ​ထောက်​အနားကို
ခပ်​ကြမ်းကြမ်းလွှင့်​ပစ်​ရင်း...Baek Myong
ဒေါသတကြီး​အော်​လာသည်​...။
ခြေ​ထောက်​နားကစာအုပ်​တစ်​အုပ်​အား မသိမသာ
အကဲခတ်​ကြည့်​လိုက်​​တော့... စိတ္တဇပညာ​အ​ကြောင်း
ရေးထား​သော စာအုပ်​တစ်​အုပ်​ဖြစ်​​နေသည်​ကို
Lee Gwan ​တွေ့လိုက်​ရသည်​... ... ...။

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Where stories live. Discover now