အသွင်​​ပြောင်း ဖဲချပ်​---18 (Final)

9.7K 931 154
                                    

ခေါင်းထဲကို အဆက်​မပြတ်​တိုးဝင်​လာ​နေ​သော
အ​ကြောင်းတရားတို့​ကြောင့်​ ကျွန်​​တော်​ မျက်​နှာကို
ခပ်​ကြမ်းကြမ်းပွတ်​သုတ်​ပစ်​လိုက်​မိသည်​...။
ကြောင်​အသွားဟန်​​လေးနှင့်​ စက္ကန့်​ပိုင်းတစ်​ချို့စာအထိ
ငြိမ်​ကျသွား​သော Baekhyunက... ... ...
ကလန်​ကဆန်​လုပ်​ခြင်းမရှိဘဲ စုံ​ထောက်​နှစ်​​ယောက်
နောက်​ကို အသာတကြည်​လိုက်​သွားသည့်​အတွက်
ကျွန်​​တော့်​အ​တွေး​တွေကိုပို၍ ရပ်​တန့်​မရနိုင်​​အောင်
ဖြစ်​​နေသည်​...။

" အိမ်​​ရောက်​ရင်​ ​သေ​သေချာချာအနားယူလိုက်​ပါဦး
မင်းအန်​တီကို ဟင်း​ကောင်း​ကောင်း​တွေ
ချက်​​ကျွေးခိုင်းလိုက်​​ပေါ့... "

ကျွန်​​တော့်​ကို ​နောက်​ဆုံး​ပြောခဲ့​သောစကားတစ်​ခွန်းက
ထိုစကားသာဖြစ်​သည်​။
ဖန်​တရာ​တေ​အောင်​ကြား​နေခဲ့ရ​သော ချစ်​ခြင်း​ကြွေး
ကြော်​စကား​တွေမဟုတ်​သလို... တစ်​ပါးသူကို
စိတ်​မဝင်​စားဖို့ ခြိမ်း​ခြောက်​​သောစကား​တွေလည်း
မဟုတ်​ခဲ့ပါဘူး... ... ...။

သက်​​တောင့်​သက်​သာ​လေးသာ ကျွန်​​တော့်​​နေ့ရက်​​တွေ
ကို ဖြတ်​သန်းသွားဖို့ မှာ​သောစကား​တွေဖြစ်​​နေသည်​။

" Chanyeol...သား အဆင်​​ပြေရဲ့လား? "

ဆံပင်​တို့ကို ခပ်​ဖွဖွလာကိုင်​​သော အန်​တီ့အ​မေးစကား
ကြောင့်​ ငြိမ်​သက်​​နေ​သောကျွန်​​တော့်​မျက်​ဝန်း
အနည်းငယ်​ လှုပ်​ရှားသွားသည်​။
လုံး​ချေခံထားရ​သော စက္ကူတစ်​ရွက်​လို နွမ်းဖတ်​​နေ
သော သူမက မျက်​ဝန်း​တွေ​တော့ ​တောက်​ပ​နေ​လေ
သည်​...။ ဓာတ်​ပုံထဲက​နေရာမှ ကျွန်​​တော့်​ကို
သူမကိုယ်​တိုင်​လာ​ခေါ်သည့်​လမ်းတစ်​​လျှောက်​လုံး...
ကျွန်​​တော့်​ဘက်​မှ စကားတစ်​ခွန်းမှမဆိုဖြစ်​သလို
သူမဘက်​မှလည်း စကားတစ်​ခွန်းမှမဆိုလာပါ...။
ယခုစကားသည်​သာ... ​ဝေးကွာ​နေ​သောအချိန်​အတွင်း
အန်​တီ့ဘက်​မှ စ​ပြော​သော ပထမဆုံးစကားတစ်​ခွန်း
ဖြစ်​​နေသည်​။

" ကျွန်​​တော်​လား? "

အက်​ကွဲစွာထွက်​လာ​သော ကျွန်​​တော့်​အသံ​ကြောင့်
ကြင်​နာစွာငုံ့မိုးကြည့်​လာ​သော အန်​တီ့ကို...
အားကိုးတကြီးပြန်​​​မော့ကြည့်​မိသည်​... ... ...။
ဆိုဖာထက်​တွင်​ အရုပ်​ကြိုးပြတ်​ထိုင်​​နေ​သော
ကျွန်​​တော့်​ပုံက အိပ်​မက်​​ပျောက်​​နေသူတစ်​ဦးလို
ရည်​ရွယ်​ရာလည်းမဲ့​နေ၏။

Je hebt het einde van de gepubliceerde delen bereikt.

⏰ Laatst bijgewerkt: Apr 02, 2018 ⏰

Voeg dit verhaal toe aan je bibliotheek om op de hoogte gebracht te worden van nieuwe delen!

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Waar verhalen tot leven komen. Ontdek het nu